- By CNI
- Category: Watch TV
- Hits: 276
![](/images/Ramzan_KadyrovGETTY_IMAGES8.2.23.jpg)
- By CNI
- Category: ရုရှား-ယူကရိန်းအရေး
- Hits: 2261
CNI International News
ဂရို့ဇ်နီ၊ ဖေဖော်ဝါရီ ၈
ယူကရိန်းတွင် လုပ်ဆောင်နေသော ရုရှား၏ အထူးစစ်ဆင်ရေးသည် ယခုနှစ် နှောင်းပိုင်းမတိုင်ခင် ပြီးဆုံးသွားလိမ့် မည်ဟု ချေချင်းညာခေါင်းဆောင် ရမ်ဇန် ရာဒီရော့ဗ် (Ramzan Kadyrov) က ပြောကြောင်း တာ့စ်သတင်းတွင် ဖော်ပြထားသည်။
မြောက်ပိုင်း ကော့ကေးဆတ် (North Caucasian) ၏ အမျိုးသားမူဝါဒ၊ နိုင်ငံခြားရေးရာ၊ သတင်းအချက်အလက် ဝန်ကြီး အက်ခ်မက် ဒူဒီအက်ဗ် (Akhmed Dudyaev) နှင့် အင်တာဗျူးတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယူကရိန်းစစ်ပွဲ ရှေ့တန်းတစ်နေရာကိုတွေ့ရစဉ်
ဥရောပနှင့် ဥရောပမှ တိုက်ပွဲများ မည်သည့်အချိန်တွင် ပြန်စလာနိုင်လဲဟု မေးမြန်းခဲ့ရာ ကာဒီရော့ဗ်က အထူး စစ်ဆင်ရေးသည် ယခုနှစ် မကုန်ဆုံးခင် အဆုံးသတ် သွားမည်ဖြစ်ကြောင်း၊ ဥရောပနိုင်ငံများသည် ၎င်းတို့ မှားသည် ဟု ဝန်ခံလာကြောင်း၊ အနောက်အုပ်စုလည်း ဒူးထောက်ရမည်ဖြစ်ကြောင်း၊ ဥရောပ နိုင်ငံများသည် ယခင်အတိုင်း ရုရှားနှင့် လာရောက် ပူးပေါင်းရမည်ဖြစ်ကြောင်း၊ ၎င်းတို့တွင် တခြားရွေးချယ်စရာ ရှိလိမ့်မည် မဟုတ်ကြောင်း ချေချင်းညာခေါင်းဆောင် ရမ်ဇန် ရာဒီရော့ဗ်က ပြန်လည်ဖြေကြားခဲ့သည်။
ရုရှားသည် ယူကရိန်းကို နေတိုးအုပ်စုအတွင်း ဝင်ရောက်မည်ကို လက်မခံရာကနေ အငြင်းပွား၍ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင်း စတင် ကျူးကျော်တိုက်ခိုက်လာခဲ့ရာ ယခု တစ်နှစ်ပြည့်တော့မည်ဖြစ်သည်။
အဆိုပါ စစ်ပွဲတွင် ချေချင်းညာ စစ်သားများသည် ရုရှားဘက်ကနေ တိုက်ခိုက်ပေးလျက်ရှိသည်။ ထို့နောက် ချေချင်းညာ ခေါင်းဆောင်က ယခုနှစ်ကုန်တွင် ယူကရိန်းစစ်ပွဲကို အဆုံးသတ်၍ ရုရှားအနိုင်ယူလိမ့်မည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။
Source: တာ့စ်
- By CNI
- Category: Watch TV
- Hits: 255
- By CNI
- Category: Watch TV
- Hits: 275
- By CNI
- Category: Watch TV
- Hits: 270
- By CNI
- Category: Watch TV
- Hits: 268
- By CNI
- Category: Watch TV
- Hits: 253
- By CNI
- Category: Watch TV
- Hits: 268
![](/images/Scre243.jpg)
- By CNI
- Category: နိုင်ငံရေး
- Hits: 566
CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄
နစက ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေများသည် ပိုက်ဆံရှိသူများအတွက် အခွင့်အလမ်း ဖန်တီးပေးထားသလို ဖြစ်နေသည်ဟု ရခိုင်အမျိုးသားပါတီ(ANP)မှ ဥက္ကဋ္ဌ ဦးသာထွန်းလှက CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံတစ်ဝန်း ရွေးကောက်ခံမည့် နိုင်ငံရေးပါတီတစ်ခု မှတ်ပုံတင်ရာတွင် မှတ်ပုံတင်ကြေး သိန်း ၁၀၀၀ နှင့် မြန်မာနိုင်ငံ၏ မဲဆန္ဒနယ် တစ်ဝက်ကို ပါတီရုံးခန်း ဖွင့်ရမည်ဆိုသည့်အတွက် ငွေကြေး အခက်အခဲရှိကြောင်း ၎င်းက ပြောသည်။
ဦးသာထွန်းလှက “ပိုက်ဆံရှိတဲ့ လူတွေက အဲဒီလိုပုံစံမျိုး ပိုက်ဆံရှိတဲ့ လူတွေအတွက်ပဲ တစ်နိုင်ငံလုံး ပါတီအဖြစ် ရပ်တည်လို့ရအောင် သဘောမျိုး သွားသက်ရောက်နေတယ်၊ ဘာဖြစ်လို့လဲဆိုရင် ဒီဥပဒေမှာက သိန်း ၁၀၀၀ တင် ရမယ်၊ ပြီးရင် ပါတီဝင် ၁၀၀၀၀၀(တစ်သိန်း)ရယ်၊ ပြီးရင် မြန်မာနိုင်ငံ မဲဆန္ဒနယ်ရဲ့ တစ်ဝက်မှာ ရုံးဖွင့်ရမယ်ဆို တော့ ၁၆၅ မြို့မှာ ရုံးဖွင့်ရမယ့် သဘောလို့ ကျနော်တို့ အဲဒီလိုမြင်တယ်၊ အဲဒါကြောင့် မြန်မာနိုင်ငံမြို့နယ် တစ်ဝက် ၁၆၅ မြို့မှာ ရုံးဖွင့်ဖို့အတွက် အဲဒါကို လည်ပတ်အောင် လုပ်ဖို့အတွက်က ပိုက်ဆံလိုတယ်ဆိုတာ သေချာသွား တယ်၊ အဲဒါကြောင့် ပိုက်ဆံရှိတဲ့ လူတွေအတွက် ဒီလိုတစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ ပါတီတစ်ခုအဖြစ် ရပ်တည်သွား မယ်ဆိုရင် ပိုက်ဆံရှိဖို့ လိုတာက သေချာသွားတယ်၊ အဲဒါကြောင့် ပိုက်ဆံရှိတဲ့ လူတွေအတွက် အခွင့်အလမ်း ပိုဖန်တီး သလိုတော့က သွားဖြစ်သွားတယ်လို့ ကျနော်ကတော့ အဲဒီလိုတော့ မြင်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။
နိုင်ငံရေးပါတီများနဲ့ UEC ကိုတွေ့ရစဉ်
ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်အားလုံး၏ အနည်းဆုံး ထက်ဝက်တွင် ပါတီရုံးခန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ဝန်ခံချက် ရှိရမည်ဟု နစက ထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ တွင် ပြဋ္ဌာန်းထားသည်။
ပြည်တွင်းရှိ လုပ်ငန်းရှင်များ၊ ငွေကြေးချမ်းသာသူများက နိုင်ငံရေးပါတီများကို လှူ၍ရကြောင်း ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ကျနော်တော့ ပိုက်ဆံ မရှိဘူးဗျ၊ ပြည်တွင်းမှာ ရှိတဲ့ သူဋ္ဌေးတွေ ကျားဖြူပါတီကို လှူချင်လည်း လှူခိုင်းလိုက်ဦး ကျနော်တို့ ရေခန်းနေတယ်၊ လှူလို့ရတယ်လေ၊ ပြည်တွင်းမှာ ဘယ်သူမဆို လှူလို့ရတယ်လေ၊ ဘယ် သူဋ္ဌေးပဲ ဖြစ်ဖြစ်၊ FRC (Foreign Registration Certificate) ကိုင်ထားတဲ့ လူလည်း လှူလို့ရတယ်လေ၊ ဧည့် နိုင်ငံသားလည်း လှူလို့ရတယ်၊ ခင်ဗျားလည်း လှူချင်လှူလို့ရတယ် မီဒီယာကိုင်ထားတဲ့ လူလည်း လှူလို့ရတယ်၊ နိုင်ငံခြားမရဘူးလေ၊ နိုင်ငံခြား အဖွဲ့အစည်း မရဘူးလေဗျာ၊ ပြည်တွင်းကတော့ ရတာပေါ့” ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံစဉ်
ငွေကြေးချမ်းသာသည့် ပုဂ္ဂိုလ်များ၊ ဉာဏ်ပညာရှိသည့် ပုဂ္ဂိုလ်များ စုပေါင်းလုပ်ဆောင်မှ ပါတီတစ်ခုမှာ အောင်မြင် မှာ ဖြစ်ကြောင်း အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(NUD)ဥက္ကဋ္ဌ ဦးစိန်ဝင်းက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒါကတော့ ဒီလိုဗျ ဟိုတုန်းကတည်းကလည်း ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကတည်းကလည်း ကျနော်သိထားတာက ပညာတတ်တာလည်း ပါတာပဲ၊ ပိုက်ဆံရှိတဲ့ သူဌေးလည်း ပါတာပဲ၊ အားလုံးစုပေါင်းပြီးတော့ နိုင်ငံရေးဆိုတာ စုပေါင်းပြီးတော့ အလုပ်လုပ်ရတာလေ၊ ပိုက်ဆံရှိပါတယ်ဗျာ၊ သူရရွှေမန်းတို့ ဘာတို့ သူတို့ ဆက် လုပ်လို့ မရဘူးလေ၊ ဆိုလိုချင်တဲ့ သဘောက ပိုက်ဆံရှိမှ မဟုတ်ပါဘူး။ အရေးကြီးတာက ပိုက်ဆံရှိတဲ့လူ စိတ်ရင်း စိတ်ဓါတ်ကောင်းတဲ့ လူလာခဲ့၊ အရည်အချင်းရှိတဲ့လူ၊ ဥာဏ်ပညာရှိတဲ့လူ စိတ်ရင်းစိတ်ဓါတ် ကောင်းတဲ့လူ လာခဲ့၊ အချိန်ပေးနိုင်တဲ့လူ၊ စိတ်ရင်းစိတ်ဓါတ် ကောင်းတဲ့လူ လာခဲ့၊ ဒီလိုမျိုး ခေါင်းဆောင်တွေ Level တွေ ရှိတဲ့ဟာနဲ့ စုပေါင်းပြီးတော့ လုပ်မှ အောင်မြင်တာလေ၊ အဲဒါမှ ပါတီတစ်ခုက အောင်မြင်တာ” ဟု ပြောသည်။
ထို့အတူ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုသည့်နေမှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ် အားလုံး၏ အနည်းဆုံး ၅ မြို့နယ်တွင် ပါတီရုံးခန်း ဖွင့်လှစ်ရမည်ဟု ဝန်ခံချက် လိုအပ်ကြောင်း သိရသည်။
Page 13 of 136