- By CNI
- Category: Watch TV
- Hits: 241
- By CNI
- Category: Watch TV
- Hits: 273
- By CNI
- Category: Watch TV
- Hits: 231
- By CNI
- Category: Watch TV
- Hits: 221
- By CNI
- Category: Watch TV
- Hits: 247
- By CNI
- Category: Watch TV
- Hits: 304
- By CNI
- Category: Watch TV
- Hits: 331
- By CNI
- Category: Watch TV
- Hits: 218
- By CNI
- Category: နိုင်ငံရေး
- Hits: 541
CNI International News
တိုင်ပေ၊ ဇန်နဝါရီ ၁၀
တရုတ်စစ်တပ်သည် တနင်္ဂနွေနေ့မှစတင်ကာ အကြီးစားပူးတွဲ ချေမှုန်းရေး စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး ထိုင်ဝမ်ဘက်သို့ စစ်လေယာဉ်များနှင့် ရေတပ်သင်္ဘောများစေလွှတ်ခဲ့ကြောင်း တရုတ်နှင့်ထိုင်ဝမ်ကာကွယ်ရေး ဌာနများမှ ပြောကြားခဲ့သည်ဟု AP သတင်းတွင် ဖော်ပြသည်။
ထိုစစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်သို့ တနင်္လာနေ့မနက်တွင် ဂျာမနီလွှတ်တော်အမတ်အဖွဲ့တစ်ဖွဲ့ရောက်ရှိလာမှု နှင့်လည်း တိုက်ဆိုင်နေသည်။ အဆိုပါ ဂျာမနီအဖွဲ့ကို လွှတ်တော်ကာကွယ်ရေးကော်မတီ ခေါင်းဆောင်က ဦးဆောင်သည်။ ၎င်းတို့သည် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝန် (Tsai Ing-wen)၊ ထိုင်ဝမ်အမျိုးသားလုံခြုံရေးကောင်စီ အပြင် တရုတ်နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ကိုင်တွယ်ရသည့် ပြည်မကြီးရေးရာကောင်စီတို့နှင့် တွေ့ဆုံ သွားမည်ဖြစ်သည်။
တရုတ်သည် နေ့တိုင်းနီးပါးပင် ထိုင်ဝမ်ဘက်သို့ စစ်လေယာဉ်များ(သို့မဟုတ်)ရေတပ်သင်္ဘောများ စေလွှတ်ကာ ထိုင်ဝမ်စစ်တပ်ကို ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ ထိုင်ဝမ်သည် ၎င်းတို့အပိုင်ဖြစ်သည်ဟုလည်း တရုတ်ဘက်ကပြောသည်။ တရုတ်၏ တနင်္ဂနွေစစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့တွင်လည်း ဆက်လက်ပြုလုပ် ခဲ့ပြီး ၎င်း၏စစ်လေယာဉ်များနှင့် သင်္ဘောများကို ဒုံးကျည်စနစ်များမှ စောင့်ကြည့်နေသည်ဟု ထိုင်ဝမ် ကာကွယ် ရေးဌာနက ပြောသည်။ တရုတ်၏လုပ်ရပ်များသည် ထိုင်ဝမ်ရေလက်ကြားနှင့် အနီးအနားရေပြင်၏ ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးတို့ကို ပြင်းပြင်းထန်ထန် နှောင့်ယှက်နေသည်ဟုလည်း ၎င်းတို့က ပြောသည်။
တနင်္လာနေ့က တရုတ်နိုင်ငံ ဘေဂျင်းမြို့၏ လမ်းဆုံလမ်းခွတစ်ခုတွင် အများပြည်သူ ကြည့်ရှုစရာ ကြော်ငြာဆိုင်းဘုတ်၌ တရုတ်နိုင်ငံမှ စစ်ရေးလေ့ကျင့်နေမှုများကို ပြသထားစဉ်(ဓါတ်ပုံ-အေပီ)
တနင်္ဂနွေ မနက် ၆ နာရီမှ တနင်္လာနေ့ မနက် ၆ နာရီအထိ ၂၄ နာရီကြာ အချိန်အတွင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ စစ်လေယာဉ် ၅၇ စင်းနှင့် စစ်သင်္ဘော ၄ စီးတို့ ထိုင်ဝမ်ဘက်သို့ ဦးတည်ခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဌာနက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
အဆိုပါလေယာဉ်များမှ ၂၈ စင်းသည် တရားမဝင်သော်လည်း ယခင်က နှစ်နိုင်ငံစလုံး အသိအမှတ်ပြုထားသည့် ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကို ကျော်ဖြတ်ခဲ့သည်ဟုလည်း ပြောသည်။ တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှု နှင့်ပတ်သက်၍ တနင်္ဂနွေနေ့ ည ၁၁ နာရီတွင် ကြေညာခဲ့ပြီး မြေပြင်ပစ်ခတ်မှုနှင့် ပင်လယ်တွင်း တိုက်ခိုက်မှု တို့ကို လေ့ကျင့်ရန်ရည်ရွယ်သည်ဟု ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းတွင် တရုတ်သည် ထိုင်ဝမ်ဘက် သို့ စံချိန်တင်စစ်လေယာဉ် ၇၁ စင်းနှင့်သင်္ဘော ၇ စီးစေလွှတ်ခဲ့သည်။ ယင်းက ၂၀၂၂ ခုနှစ်အတွင်း အကြီးမားဆုံး သောစစ်ရေးလေ့ကျင့်မှုလည်း ဖြစ်သည်။
ထိုင်ဝမ်သည်လည်း လာမည့် ဗုဒ္ဓဟူးနေ့မှ စတင်ကာ ၎င်းတို့၏နှစ်စဉ်ပြုလုပ်နေကြ နှစ်ရက်ကြာစစ်ရေးလေ့ကျင့် မှုကိုပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါလေ့ကျင့်မှုက ယင်းတို့၏ ကာကွယ်ရေးစွမ်းရည်ကို ပြသရန်ရည်ရွယ်ခြင်း လည်းဖြစ်သည်။
Source:AP
- By CNI
- Category: နိုင်ငံရေး
- Hits: 678
CNI International News
ဘရာစီးလီးယား၊ ဇန်နဝါရီ ၁၀
ဘရာဇီးလ်ရဲတပ်ဖွဲ့သည် လူရာချီ ဖမ်းဆီးကာ သမ္မတဟောင်း ဘော်ဆိုနာရို(Bolsonaro )အား ထောက်ခံသည့် အဓိကရုန်း ဖန်တီးသူများကို ၎င်းတို့ သိမ်းပိုက်ထားရာ နေရာများမှ ဖယ်ရှားခဲ့သည်ဟု အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။
သမ္မတဟောင်းကို ထောက်ခံသူများသည် နိုင်ငံ၏လွှတ်တော်၊ သမ္မတနန်းတော်နှင့် ဗဟိုတရားရုံးချုပ်တို့ကို ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့မှ ထုတ်ပြန်ချက်တွင် မြို့တော် ဘရာစီးလီးယား (Brasilia) ၌ အနည်းဆုံးလူ ၃၀၀ ကို ထိန်းသိမ်း ခဲ့သည်ဟု ပါဝင်သည်။
ယင်းတို့သည် ဘော်ဆိုနာရို ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်မခံကြသူများဖြစ်ပြီး လွန်ခဲ့သော နှစ်နှစ်တွင် အမေရိကန် လွှတ်တော်အဆောက်အဦအား ဒေါ်နယ်ထရမ့် ထောက်ခံသူများက ဝင်ရောက်ကျူးကျော်သည့် ဖြစ်ရပ်နှင့်တူညီစွာ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။
ဒေါ်နယ်ထရမ့် ထောက်ခံသူများက လွှတ်တော်ကို သိမ်းပိုက်ခဲ့စဉ် (AP)
နောက်ဆုံး တစ်ဦးကို ရှာဖွေ ဖော်ထုတ်နိုင်သည်အထိ စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်သွားမည်ဟု ရဲတပ်ဖွဲ့က ပြောသည်။
လက်ရှိအချိန်အထိ အဆိုပါဖြစ်ရပ်တွင် ထိခိုက်သေဆုံးမှု ရှိသည်ဆိုသည့် သတင်းမျိုး မတွေ့ရသေးပေ။ သို့သော် သမ္မတဟောင်းကို ထောက်ခံသူများသည် ဝင်ရောက်စီးနင်းမှုများတွင် ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။
၎င်းတို့သည် သမ္မတနန်းတော်ရှိ ပြတင်းပေါက်များမှ ပရိဘောဂများကို လွှင့်ပစ်ခဲ့ကြသလို လွှတ်တော် အစိတ် အပိုင်းတချို့ကို မီးသတ်ရေပန်းစနစ်ဖြင့် ပက်ဖျန်းခဲ့ပြီး ဗဟိုတရားရုံးချုပ်ရှိ အခမ်းအနား ကျင်းပရာ အခန်းများကိုလည်း မွှေနှောက်ခဲ့ကြသည်။
ယခု ဆူပုံအုံကြွမှုသည် သုံးနာရီကျော်သာ ကြာမြင့်ခဲ့သော်လည်း ယင်းက နှစ်ခြမ်းကွဲနေသော ဘရာဇီးလ်နိုင်ငံမှ နိုင်ငံရေး အခြေအနေကို မီးမောင်းထိုးပြနေသည်။
ထိုကွဲလွဲမှုသည် လက်ဝဲယိမ်းသမ္မတ လူဝစ္စ အင်နာစီယို လူလာ ဒါဆေးလ်ဗား (Luiz Inacio Lula da Silva) ၏ သမ္မတအဖြစ် ကျမ်းကျိန်ဆိုပြီးနောက် စတင်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။
လက်ဝဲယိမ်းသမ္မတ လူဝစ္စ အင်နာစီယို လူလာ ဒါဆေးလ်ဗားကိုတွေ့ရစဉ် (AP)
ဆာပေါ်လို (Sao Paulo) မြို့တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် လူလာက ဘော်ဆိုနာရိုသည် ဖက်ဆစ်တစ်ယူသန်များကို ဆူပူမှုများ လုပ်ဆောင်ရန် မြှောက်ပေးနေသည်ဟု စွပ်စွဲကာ ဘရာစီးလီးယားမြို့ လုံခြုံရေးကို ပြန်လည်ထိန်းချုပ်ရေး ဖက်ဒရယ်အစိုးရကို ညွှန်ကြားသည့် လောလောလတ်လတ် လက်မှတ်ထိုး ထားသော အမိန့်တစ်ခုကိုလည်း ဖတ်ကြားခဲ့သည်။
ထို့နောက် သမ္မတသည် ဘရာစီးလီးယားသို့ ပြန်သွားကာ ဆူပူသူများ သိမ်းပိုက်ခဲ့သည့် အဆောက်အဦများကို သွားရောက် ကြည့်ရှုခဲ့သည်ဟု ဘရာဇီးလ်မီဒီယာတစ်ခုတွင် ဖော်ပြသည်။
သမ္မတဟောင်း ဘော်ဆိုနာရိုသည် လက်ရှိအချိန်အထိ ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်မခံသေးပေ။ ၎င်းသည် သမ္မတ သက်တမ်းမကုန်ခင် ရက်ပိုင်းကပင် အမေရိကန်နိုင်ငံ ဖလော်ရီဒါသို့ သွားရောက်ခဲ့ပြီး ဘရာစီးလီးယားမှ ဖြစ်ရပ်များနှင့်ပတ်သက်၍ ခြောက်နာရီကြာ နှုတ်ဆိတ်နေခဲ့သည်။
သို့သော် လူလာ၏ စွပ်စွဲချက် ပေါ်ထွက်လာပြီးနောက် ပြည်သူပိုင် အဆောက်အဦများကို ကျူးကျော် ဝင်ရောက် ခြင်းအပေါ် ရှုတ်ချကြောင်းနှင့် လူလာ၏ စွပ်စွဲမှုများကို ငြင်းဆိုကြောင်း တွစ်တာတွင် ရေးသားတုန့်ပြန်ခဲ့သည်။
Source: အယ်ဂျာဇီးယား
- By CNI
- Category: Watch TV
- Hits: 238
- By CNI
- Category: Watch TV
- Hits: 239
- By CNI
- Category: Watch TV
- Hits: 254
- By CNI
- Category: Watch TV
- Hits: 315
- By CNI
- Category: နိုင်ငံရေး
- Hits: 829
CNI News
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၉
ယခု ၂၀၂၃ ခုနှစ်သည် လက်ရှိ ပြည်တွင်းမှာ ဖြစ်ပွားနေသည့် တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး အဆုံးအဖြတ်ဆီ ဦးတည်သွားနိုင်သောနှစ် ဖြစ်နိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့တပ်မတော် ဘက်ကလည်း မိုးမဝင်ခင် ပိုမိုထိုးစစ်ဆင်လာနိုင်ကြောင်း၊ ပြည်သူများလည်း ပိုမိုပြီး ဒုက္ခ ရောက်စရာရှိကြောင်း ၎င်းက ပြောသည်။
ဒေါက်တာလှကျော်ဇောက “အခုဟာကလေ မြို့ပြပြောက်ကျားတို့ သို့မဟုတ် ပြည်မထဲသို့ ထားလိုက်ဦး၊ အခု ပတ်ပတ်လည်မှာ ဖြစ်နေတဲ့ ကိစ္စတွေလည်း သူမဖြေရှင်းနိုင်သေးဘူးလေ၊ အခု ကြာအင်းဆိပ်ကြီးတို့လို နေရာမျိုး အဲဒီလိုဘက်တွေမှာ နောက် KIA တို့ဘက်တွေမှာလည်း မနေ့ကပဲ ဖားကန့်က ဆန္ဒပြပွဲတို့ ဘာတို့ ရှိနေတာ၊ KIA တို့ကလည်း မနေဘူး ဖော်မှာပဲ တိုက်ပွဲက တအောင်းနဲ့ ဖြစ်နေတာ၊ ကိုးကန့်နဲ့ ဖြစ်နေတာလည်း တောက် လျှောက် ကြားနေတာပဲ၊ အဲဒီတော့ ဒီပြည်မကြီးထက် အဲပတ်ပတ်လည်မှာတော့ သူတော်တော် လှုပ်ရှားနေရ တယ်ဗျ၊ နောက်တစ်ခုက ခင်ဗျားတို့ သတိထားမိသလားမသိဘူး။ စကစရဲ့ တိုက်ရေခိုက်ရေက တော်တော်ကို အခြေအနေ ဆိုးနေတယ်၊ အခြေအနေ ဆိုးတယ်ဆိုတာ ဒီလိုလေ သူတို့တပ်မှာကိုက တပ်မှူးကောင်းကို မရှိတော့ တာ၊ ဒါကလည်း တောက်လျှောက်ဗျ၊ စစ်တပ်က ငြိမ်းချမ်းရေးယူထားတဲ့ အနှစ် ၂၀ အတွင်းမှာ စစ်တပ်က တော် တော်ပျက်သွားပြီ။ အဲဒါကြောင့်မို့လို့ စကစဘက်က အထိအခိုက် အကျဆုံးတွေက မုချများမှာ၊ အဲဒီတော့ သူတို့ ဘယ်လောက်ပဲတိုက်တိုက် သူတို့ကတော့ တိုးတိုက်လာမှာပဲ၊ မြေပြင်ကနေမရရင် လေယာဉ်ကနေချမယ်၊ ဘာ မယ်၊ ပြည်သူတွေကိုတော့ ပိုပြီးတော့ အတိဒုက္ခ ပိုပြီးတော့ ရောက်စရာတွေတော့ ရှိတာပေါ့၊ သို့သော်လည်း စစ်ကောင်စီဖက်က သိပ်တော့ မချောင်လောက်ပါဘူး။ ဒီနှစ်က သူတို့ပြောသလိုပဲ အဆုံးအဖြတ်နှစ် မဟုတ်တောင် မှ အဆုံးအဖြတ်ဆီ ဦးတည်သွားနိုင်တဲ့ နှစ်ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
နွေဦးတော်လှန်ရေး လက်နက်ကိုင်အင်အားစု တစ်ဖွဲ့ကိုတွေ့ရစဉ်
၂၀၂၃ ခုနှစ်သည် နွေဦးတော်လှန်ရေး၏ အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) က ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့ညတွင် ပြုလုပ်သည့် ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
စစ်ရေးအရ ၂၀၂၃ ခုနှစ်မှာ အဆုံးအဖြတ်နှစ် ဖြစ်နိုင်စရာမရှိကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါကတော့ နှစ်ပိုင်းရှိတယ်၊ စစ်ရေးအရပြောရင် ဘယ်လိုမှ ဖြစ်နိုင်စရာအကြောင်းမရှိဘူး၊ ဒါကတော့ သက်သက်မဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ ရမ်း(မောင်း)တင်တဲ့ သဘောပါပဲ၊ စစ်ရေးပိုင်းအရ ဘယ်လိုမှ လုပ်နိုင် စရာ အကြောင်းမရှိဘူး။ ဘာကြောင့်လဲဆိုတော့ ၂၀၂၁ ကနေ ၂၀၂၂ အကုန်ပေါ့နော်၊ ၂၀၂၃ အစအထိ ၂ နှစ်ကာလ တွက်ကြည့်လိုက် အဲဒီထဲမှာ ၁ နှစ်ခွဲ ကျော်ကျော်လောက်က လက်နက်ကိုင်ပဋိပက္ခကို သူတို့ ရွေးချယ်ခဲ့တယ်၊ အကြမ်းဖက်ဖို့ လမ်းစဉ်ကို သူတို့ရွေးချယ်ခဲ့တယ်၊ ဒါပေမဲ့ အောင်မြင်မှုမရှိဘူး။ မရှိတဲ့အပြင်ကို သူတို့ ပိုဆိုးလာ တာက လုပ်ရပ်တွေအကုန်လုံးက အကြမ်းဖက်ကို ဦးတည်သွားတဲ့ အတွက်ကြောင့် လက်နက်ကိုင်လမ်းစဉ်နဲ့ သွားမယ်ဆိုတဲ့ ကိစ္စရပ်မှာတော့ အဆုံးအဖြတ်က ဖြစ်နိုင်စရာ အကြောင်းမရှိဘူး။ တစ်ခုပဲ အဲဒါကို နိုင်ငံရေးနည်း အရ ပြန်တွေးမယ်ဆိုရင်တော့ ရွေးကောက်ပွဲကို ဖျက်ပြီးတော့ သူတို့ အောင်မြင်တယ်လို့ အော်ရင်တော့ တစ်မျိုး ဖြစ်သွားနိုင်တယ်၊ သူတို့ပြောတဲ့ အဆုံးအဖြတ်ဆိုတဲ့ ကိစ္စရပ်သည် မြေပြင်က လက်နက်ကိုင်လမ်းစဉ်နဲ့က ဖြစ်နိုင် စရာ အကြောင်း လုံးဝမရှိပါဘူး။ ရွေးကောက်ပွဲကို သူတို့ ရာခိုင်နှုန်း ဘယ်လောက်လောက် ဖျက်မလဲ အဲလို ဖျက် ပြီးတော့ အဖျက်အမှောင့်လုပ်ရင်းနဲ့ပဲ သူတို့ အောင်မြင်တယ်လို့ ယူဆမလား၊ အဲဒီနှစ်လမ်းပဲ ရှိတာဗျ၊ သေချာတာ ကတော့ လက်နက်ကိုင်လမ်းစဉ်နဲ့က ဖြစ်စရာအကြောင်း လုံးဝမရှိပါဘူး” ဟု ပြောသည်။
NUG ၏ ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်နဲ့ PDF အဖွဲ့ကိုတွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရန် ကြိုးပမ်းသည်ဟု ဆိုကာ ဖြုတ်ချခဲ့ပြီးနောက် ဆန့်ကျင်ဆန္ဒပြမှုနှင့်အတူ လက်နက်ကိုင် တော်လှန်ရေးကို ဆင်နွှဲခဲ့ကြသည်။
လက်ရှိတွင်လည်း ကရင်ပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးတို့တွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ပြည်သူ့ ကာကွယ် ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
Page 20 of 136