CNI News 

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၆

လက်ရှိ နိုင်ငံတော် တာဝန်ကို ထမ်းဆောင်ခဲ့နေသော ဝန်ထမ်းများနှင့်  လက်ရှိပင်စင်ခံစားနေကြသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများကို လစဉ် အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀ ခံစားခွင့်ပြုကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ နိုင်ငံ့ဝန်ထမ်းများအား လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေး အဖြစ် တစ်ဦးလျှင် တစ်လ ကျပ် ၃၀၀၀၀ ကို လစဉ်ခံစားခွင့်ပြုခဲ့ရာ ယခုအခါ နိုင်ငံံ့ဝန်ထမ်းများအတွက် လက်ရှိ လစဉ်ထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေး ကျပ် ၃၀၀၀၀ အပြင် ထပ်မံင ကျပ် ၃၀၀၀၀ ကို အပို ထောက်ပံ့ကြေးအဖြစ် ၂၀၂၄ ခုနှစ်၊ သြဂုတ်လမှစ၍ လစဉ်ခံစားခွင့်ပြုမည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့နောက် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့ပြီး လက်ရှိပင်စင်ခံစားနေကြရသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစား များအတွက်လည်း အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ် ၃၀၀၀၀ ကို လစဉ် ခံစားခွင့်ပြုမည် ဖြစ်သည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထောက်ပံ့ကြေးများအား ၂၀၂၄ ခုနှစ်၊ သြဂုတ် ၁ ရက်မှ စတင် ခံစားခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။