CNI Sport News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၉

၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲအဖြစ် အာဂျင်တီးနားနဲ့ ပြင်သစ်တို့ ကစားခဲ့တာမှာ ပင်နယ်တီ အဆုံးအဖြတ်မှာ မက်ဆီရဲ့ အာဂျင်တီးနား အသင်းက အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပထမပိုင်းမှာ အာဂျင်တီးနားအသင်းက ပြတ်ပြတ်သားသား အသာစီးရခဲ့ပြီး ပြင်သစ်အသင်းက ဂိုးပေါက်တောင် ကန်သွင်းခွင့် မရခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ၂၃ မိနစ်မှာ မက်ဆီက ပင်နယ်တီကနေ ဦးဆောင်ဂိုး စသွင်း ယူခဲ့ ပါတယ်။

အာဂျင်တီးနားအတွက် ဒုတိယဂိုးကို ဒီမာရီယာက မက်အက်လစ္စတာရဲ့ ဖန်တီးမှုကနေ သွင်းယူသွားခဲ့တာပါ။ အဲ့ဒါကြောင့် ပထမပိုင်းအပြီးမှာ အာဂျင်တီးနားအသင်းက ၂ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ အာဂျင်တီးနားက အနည်းငယ် ထိန်းကစားခဲ့ပြီး ပြင်သစ်က ချေပဂိုးရဖို့ အားထည့်လာခဲ့တာကြောင့် ချေပဂိုး ၂ ဂိုး ဆက်တိုက် ရရှိသွားခဲ့တာပါ။ ပွဲချိန် ၈၀ နဲ့ ၈၁ မိနစ်မှာ ဘတ်ပီက သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ၂ ဂိုးစီ သရေကျပြီး အချိန်ပို ဆက်သွားခဲ့ရပါတယ်။

အချိန်ပိုမှာ ၂ သင်းစလုံးဟာ အကောင်းဆုံး ကစားရင်းနဲ့ ပထမပိုင်းက ဂိုးမသွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အချိန်ပို ဒုတိယပိုင်းမှာ မက်ဆီက အာဂျင်တီးနားအတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ပြင်သစ်က ပင်နယ်တီရခဲ့ပြီး ဘတ်ပီက ချေပဂိုးအဖြစ် ထပ်မံသွင်းယူခဲ့တာပါ။

တဖက် ၃ ဂိုးစီသရေနဲ့ ပင်နယ်တီ အဆုံးအဖြတ် ဆက်ကန်သွင်းရပြီ ဖြစ်ပါတယ်။ ပင်နယ်တီမှာ အာဂျင်တီးနားက ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။