CNI News

၂၀၂၂ ခုနှစ် မေလ ၃၀

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလသည် ရှေ့တန်းစခန်းတစ်နေရာရှိ ဒေသကာကွယ်ရေးတပ် (PDF) များကို မေလ (၂၄) ရက်တွင် သွားရောက် ကြည့်ရှုအားပေးစကား ပြောကြားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

PDF သည် အနာဂတ်ဖက်ဒရယ် တပ်မတော်တည်ဆောက်ရာတွင်လည်း အဓိကအရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်မည်ဖြစ်၍ ယခုကတည်းကပင် ဖက်ဒရယ်စနစ်နှင့် ဒီမိုကရေစီသဘောတရားတို့ကို လက်ကိုင်ပြု ကျင့်ကြံဖို့ လိုအပ်ကြောင်း ဒူဝါလရှီးလက ပြောကြားခဲသည်။

တနိုင်ငံလုံးတွင် PDF ၏ တပ်ရင်းတပ်ဖွဲ့ပေါင်းများစွာ စနစ်တကျ စုဖွဲ့လာနိုင်ပြီဖြစ်၍ လူထုက များစွာအားတက်လျက်ရှိကြောင်း၊ PDF သည် နွေဦး‌တော်လှန်ရေး၏ အသက်ပမာ အရေးကြီး၍ လူထုမျှော်လင့်ချက်ပန်းတိုင်ရောက်သည်အထိ ဉာဏ်ပညာ ဇွဲ သတ္တိ လုံ့လ ဝိရိယအပြည့်ဖြင့် ဦးဆောင်ပါဝင်သွားကြရန် လိုအပ်ကြောင်းစသဖြင့် ဆွေးနွေးမှာကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။