CNI International News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၀

ယူကရိန်းဘက်ကနေ စစ်ဝင်တိုက်ပေးသည့် ဗြိတိန်နိုင်ငံသား ၂ ဦးနှင့် မော်ရိုကို နိုင်ငံသား တစ်ဦးတို့ကို စစ်ပွဲအတွင်း ဖမ်းဆီး ရမိပြီးနောက် ရုရှားလိုလားသော ဒွန်နက်ဆက်ပြည်သူ့သမ္မတနိုင်ငံ(DPR)တရားရုံးက ၎င်းတို့အား ဇွန်လ ၉ ရက်က သေဒဏ် ချမှတ်ခဲ့သည်။

အဆိုပါ သေဒဏ် ချမှတ်ခံရသူများမှာ ဗြိတိန်နိုင်ငံသားများဖြစ်သည့် အီဒင်အက်စလင်၊ ရှောင်ပင်နာ နှင့် မော်ရိုကို နိုင်ငံ သား ဘရာဟင်ဆာဒေါင်းတို့ ဖြစ်ကြသည်။