CNI International Article

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၅

ကနေဒါနိုင်ငံ၏ ကယ်လ်ဂါရီ (Calgary) မြို့သည် ဇူလိုင် ၂၈ ရက်တွင် ကနေဒါ-ဆစ်ခ် အကြမ်းဖက်သမားများ ဖြစ်သည့် တယ်လ်ဝင်ဒါ ဆင်း ပါမာ ( Talwinder Singh Parmar) နှင့် သတ်ဖြတ်ခံခဲ့ရသည့် စစ်သွေးကြွ ဟာဒိပ် ဆင်း နစ်ဂျား (Hardeep Singh Nijjar) တို့ကို ဂုဏ်ပြုမည့် ကြီးမာသော အခမ်းအနားတစ်ခုကို လက်ခံကျင်းပရန် စီစဉ်ထားသည်။

ထိုအစီအစဉ်အရ မကြာမီ ပြုလုပ်မည့် ခါလစ္စတန် (Khalistan) ဆန္ဒခံယူပွဲကို ကျင်းပရန် ကယ်လ်ဂါရီမြို့အား အဘယ်ကြောင့် ရွေးချယ်ခဲ့သနည်းဆိုသည့် မေးခွန်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်စေခဲ့ကာ ကနေဒါဒေသခံ ခေါင်းဆောင်ပိုင်းများနှင့် အစွန်းရောက် အဖွဲ့များအကြား ဆက်ဆံရေးအပေါ်လည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ သည်။

ကယ်လ်ဂါရီမြို့မှ နိုင်ငံရေး ထောက်ခံမှု

ထိုအခမ်းအနားကို ကယ်လ်ဂါရီမြို့ မာတင်ဒဲလ် (Martindale) ရပ်ကွက်ရှိ Dashmesh Culture Centre တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်သည်။ 

ဆစ်ခ်ဘာသာဝင်များ ဘုရားဝတ်ပြုသည့် နေရာဖြစ်သော Gurdwara တွင် ပါမာ အပါအဝင် အကြမ်းဖက်သမား များကို ဂုဏ်တင်ထားသည့် စာတန်းများနှင့်အတူ “ခါလစ္စတန်အတွက် အာဇာနည်ဘဝကို ကြိုးပမ်းရရှိခဲ့သည့် ကနေဒါ ဆင်း” ဟု ဖော်ပြထားသည်။

ထိုလုပ်ဆောင်မှုများရှိသည့်တိုင် အယ်လ်ဘာတာ (Alberta) ပြည်နယ်ဝန်ကြီးချုပ် ဒန်နီယ်လီ စမစ် (Danielle Smith) နှင့် ကယ်လ်ဂါရီ မြို့တော်ဝန် ဂျွိုင်တီ ဂွန်ဒက် (Jyoti Gondek) တို့က ထိုအဖွဲ့များကို ထောက်ခံကြောင်း ပြသခဲ့ကြသည်။

ဆစ်ခ် ခွဲထွက်ရေးလှုပ်ရှာမှုအကြောင်း မီဒီယာတွေမေးမြန်းနေစဉ်

ပြီးခဲ့သည့်လကပင် ခါလစ္စတန် အကြမ်းဖက်သမားများကို ဂုဏ်တင်ဖော်ပြထားသည့် အောင်လံတံခွန်များနှင့်အတူ နိုင်ငံရေး စီတန်းလမ်းလျှောက်မှုကို မြို့တော်ဝန် ဂွန်ဒက်၊ လစ်ဘရယ်နှင့် ကွန်ဆာဗေးတစ်ပါတီများမှ လွှတ်တော်အမတ်များ အပါအဝင် အခြားနိုင်ငံရေး ခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

ထိုရာထူး အဆင့်အတန်းများဖြင့် နိုင်ငံရေး ထောက်ခံမှုပေးခြင်းသည် အန္တရာယ်ရှိနိုင်သည်။ ကယ်လ်ဂါရီ ရဲတပ်ဖွဲ့ (RCMP) နှင့် ကနေဒါလက်နက်ကိုင်တပ်ဖွဲ့များသည် ထိုစီတန်းလမ်းလျှောက်မှုတွင် ပါဝင်ခဲ့သည်။

ခါလစ္စတန်စစ်သွေးကြွအဖွဲ့ဖြစ်သည့် Babbar Khalsa အဖွဲ့ကို ဂုဏ်တင်ပြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Modi) ကို အကျဉ်းသားဝတ်စုံဖြင့် လှောင်ပြောင်ထားသည့် ထိုစီတန်းလမ်းလျှောက်ပွဲတွင် ကနေဒါ လုံခြုံရေးတပ်ဖွဲ့များ ပါဝင်နေမှုသည် စိုးရိမ်ရသည့် အခြေအနေကို ဖော်ပြရာရောက်ခဲ့သည်။

မီဒီယာများ၏ နှုတ်ဆိတ်မှုနှင့် နိုင်ငံရေး ကြံရာပါမှု

ပုံမှန်အားဖြင့် ရှုတ်ထွေးသည့် နိုင်ငံရေးကိစ္စများကို အလေးပေးဖော်ပြလေ့ရှိသည့် တရားဝင် မီဒီယာများသည် ထိုအခမ်းအနားကို အကျယ်တဝင့် ဖော်ပြခဲ့ခြင်းမရှိပေ။

ဆစ်ခ် ခါလစ္စတန် အကြမ်းဖက်မှုနှင့် ပတ်သက်သည့် ပြည့်စုံကျယ်ပြန့်သော လေ့လာဆန်းစစ်ချက်များကို မီဒီယာ များက ဖော်ပြပေးနိုင်စွမ်း မရှိကြောင်း နိုင်ငံရေးသိပ္ပံနှင့် ဘာသာရေး ကျွမ်းကျင်သူ ဒေါက်တာ ပေါလ် ဘူလန် (Dr. Paul Bullen) က ပြောကြားခဲ့သည်။ 

ထိုကဲ့သို့ မီဒီယာများ၏ သတင်းဖော်ပြမှု အားနည်းခြင်းနှင့် နိုင်ငံရေး ကြံရာပါဖြစ်မှုသည် အစွန်းရောက်အဖွဲ့များကို ရဲဆေးတင်ပေးသကဲ့သို့ ဖြစ်နေသည်။

ဆစ်ခ်လှုပ်ရှားမှုအကြောင်း တင်ဆက်ထားစဉ်

ခါလစ္စတန်နိုင်ငံ ထူထောင်ရေးကို အသားပေး လုပ်ဆောင်နေပြီး ကနေဒါအစိုးရ၏ အလွှာပေါင်းစုံတွင် လွှမ်းမိုးမှုရှိ ထားသည့် ကမ္ဘာ့ဆစ်ခ်အဖွဲ့အစည်း  (WSO) က Dashmesh Gurdwara အဖွဲ့ကို ထောက်ခံပေးထားသည်။

Gurdwara အဖွဲ့သည် ဇူလိုင်လကုန်ပိုင်းတွင် ပြုလုပ်မည့် ကယ်လ်ဂါရီ အခမ်းအနား မတိုင်မီ ဆစ်ခ်ဘာသာဝင်များ အတွက် တရားမျှတရေး ပွဲကိုလည်း ပြုလုပ်ရန် စီစဉ်ထားသည်။

အဘယ်ကြောင့် ကယ်လ်ဂါရီမြို့ကို ရွေးချယ်ခဲ့သနည်း

ကနေဒါဒေသခံ နိုင်ငံရေးခေါင်းဆောင်များ၏ ထောက်ခံမှုကြောင့် ကယ်လ်ဂါရီမြို့သည် ခါလစ္စတန် အကြမ်းဖက် ဂုဏ်တင်မှု အခမ်းအနားများ ပြုလုပ်ရန် အကောင်းဆုံးမြို့ ဖြစ်လာခဲ့သည်။

မြို့တော်ဝန် ဂွန်ဒက်၏ သမီးဖြစ်သူသည် WSO ဘုတ်အဖွဲ့ဝင်ဟောင်းဖြစ်သည်။ ထို့ကြောင့် ဂွန်ဒက်သည် Gurdwara အဖွဲ့၏ ပွဲအခမ်းအနားများကို လက်ခံရန် ထောက်ခံပေးခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ် စမစ်နှင့် အခြားနိုင်ငံရေး ခေါင်းဆောင်များကလည်း ထိုအခမ်းအနားများကို ထောက်ခံ ကြောင်း ဖော်ပြခဲ့ပြီး လုံခြုံရေးအဖွဲ့များကပင် ထိုအခမ်းအနားများတွင် ပါဝင်ခဲ့ကြသည်။

 ဆစ်ခ် ခွဲထွက်ရေးလှုပ်ရှားမှုကိုတွေ့ရစဉ်

ရှင်းပြရန် တာဝန်ရှိခြင်း

ကနေဒါ နိုင်ငံရေးသမားများနှင့် ရဲတပ်ဖွဲ့များအနေဖြင့် ပါမာကဲ့သို့ အကြမ်းဖက်သမားများကို ဂုဏ်တင်သည့် အခမ်းအနားများကို ဦးဆောင်ကျင်းပသည့် ဘာသာရေးအဖွဲ့များနှင့် ခပ်ကင်းကင်းနေရမည်ဖြစ်သည်။

ထိုသို့ ခပ်ကင်းကင်း မနေနိုင်ပါက အစွန်းရောက်အဖွဲ့များကို ရဲဆေးတင်ပေးရာရောက်ပြီး ကယ်လ်ဂါရီမြို့သည် အကြမ်းဖက်မှုကို ဂုဏ်တင်သည့် အခမ်းအနားများ ကျင်းပသည့် နေရာတစ်ခု ဖြစ်လာမည်ဆိုသည့် သတင်းစကား ကို ပါးလိုက်သကဲ့သို့ ဖြစ်လာစေမည်ဖြစ်သည်။ 

ထိုသတင်းစကားသည် ကယ်လ်ဂါရီမြို့ခံများ၊ အယ်လ်ဘာတန်ပြည်နယ်၏ နယ်ခံများနှင့် ကနေဒါနိုင်ငံသား အားလုံးအတွက်သာမကဘဲ တစ်ကမ္ဘာလုံးအတွက် သတင်းစကားတစ်ခုဖြစ်သည်။

ကယ်လ်ဂါရီမြို့ ခေါင်းဆောင်များအနေဖြင့် ထိုကဲ့သို့ အစွန်းရောက်အဖွဲ့များကို ထောက်ခံပေးနေသည့် ၎င်းတို့၏ လုပ်ရပ်များကို ရှင်းလင်းတင်ပြရမည်ဖြစ်သည်။

ကယ်လ်ဂါရီ အာဏာပိုင်များအနေဖြင့် အကြမ်းဖက်မှုကို ဆန့်ကျင်ကြောင်း၊ အကြမ်းဖက်မှုကို ဂုဏ်တင်သည့် အဖွဲ့များနှင့် ဆက်နွှယ်မှုမရှိကြောင်း ပြသနိုင်ရန် ထိုသို့ ရှင်းလင်းတင်ပြခြင်းသည် မဖြစ်မနေလိုအပ်သည်။

အဘယ်ကြောင့်ဆိုသော် ကယ်လ်ဂါရီမြို့၏ အနာဂတ်နှင့် ဂုဏ်သိက္ခာသည် ထိုအရေးကိစ္စအပေါ် မူတည်နေခြင်း ကြောင့် ဖြစ်ပေသည်။

Source: Khalsa Vox