CNI International News

ဆိုးလ်၊ အောက်တိုဘာ ၁၇

တောင်ကိုရီးယား၏ SI Innotec ရေကြောင်း နည်းပညာကုမ္ပဏီကို ကုန်သွယ်ရေး ဥပဒေများ ချိုးဖောက်မှုဖြင့် တရားစွဲ ဆိုခဲ့ပြီးနောက် တောင်ကိုရီးယားအာဏာပိုင်များသည် တရုတ်၏ စီးပွားရေး လက်တုန့်ပြန်မည့် အန္တရာယ် ကို စိုးရိမ်နေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အဆိုပါ ကုမ္ပဏီသည် တရုတ်က အာရုံစိုက်နေသော ထိုင်ဝမ်နှင့်   ပြီးခဲ့သည့်နှစ်က ထိုင်ဝမ်၏ ရေငုပ်သင်္ဘော စီမံကိန်းနှင့်် ပူးပေါင်းဆောင်ရွက်နေခြင်းကြောင့် ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်က တရားသူကြီး တစ်ဦးထံတွင် ကျိန်ဆိုခဲ့သည့် တောင်ကိုရီးယား၏ ကျမ်းကျိန် လွှာ တစ်စောင်ထဲတွင် SI Innotec ကုမ္ပဏီ၏ အမှုဆောင်ညွှန်ကြားရေးမှူး ပါ့ခ် မယ်လ်ဆစ် (Park Mal-sik) ကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်။

ထို့ပြင် ၂၀၁၆ ခုနှစ်က အမေရိကန်၏  THAAD ဒုံးခွင်းဒုံးစနစ်ကို တပ်ဆင်ရန် ဆုံးဖြတ်ခဲ့သည့် တောင်ကိုရီးယား အပေါ် တရုတ်က စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည့် အခြေအနေမျိုး နောက်ထပ်တစ်ကြိမ် ဖြစ်လာမည့် အန္တရာယ်အား တောင်ကိုရီးယားအစိုးရက စိုးရိမ်နေကြောင်း တောင်ကိုရီးယားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 တရုတ်ကိုတွေ့ရစဉ်

ထို့နောက် တရုတ်သည် တောင်ကိုရီးယားအပေါ် ပိတ်ဆို့မှုများကို ၂၀၁၇ ခုနှစ်တွင် ပြန်လည်ရုပ်သိမ်းရန် သဘော တူညီခဲ့သည်။

ထိုကျမ်းကျိန်လွှာထဲတွင် ထိုင်ဝမ်အတွက် ရေငုပ်သင်္ဘော ထုတ်လုပ်ရေး ကုန်ပစ္စည်းများကို ထောက်ပံ့ပေးမည့် SI Innotec ကုမ္ပဏီ၏ သဘောတူညီချက်ကို ဝေဖန်ခဲ့ပြီး ထိုလုပ်ဆောင်မှုသည် တောင်ကိုရီးယား၏ လုံခြုံရေးအပေါ် တိုက်ရိုက် သက်ရောက်မှုရှိကြောင်း ဖော်ပြထားသည်။ 

ထို့ပြင် THAAD ဒုံးကျည်စနစ် ဖြန့်ကြက်ချထားခဲ့သည့် အချိန်က တရုတ်၏ စီးပွားရေး ပိတ်ဆို့မှုမျိုး နောက် တစ်ကြိမ် ဖြစ်ပွားမည့် အရေးကို စိုးရိမ်ကြောင်း တောင်ကိုရီးယား၏ လက်နက် ရောင်းဝယ်ရေး စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့နှင့် ညှိနှိုင်းတိုင်ပင်ခဲ့သည့် တောင်ကိုရီးယားရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

SI Innotec ရေကြောင်း နည်းပညာကုမ္ပဏီကို တွေ့ရစဉ်

တောင်ကိုရီးယား တရားသူကြီး တစ်ဦးသည် ဖေဖော်ဝါရီ ၂၈ ရက်တွင် ပါ့ခ်ကို သက်သေ အထောက်အထားများ ဖျက်ဆီးမှု၊ နိုင်ငံအတွက် အန္တရာယ်ဖြစ်စေမှု အကြောင်းပြချက်များဖြင့် ဖမ်းဆီးရန် အမိန့်ချမှတ်ခဲ့သည်။ 

တောင်ကိုရီးယားနှင့် အခြားနိုင်ငံ ခြောက်နိုင်ငံမှ ကာကွယ်ရေး ကန်ထရိုက်တာများနှင့် ကျွမ်းကျင်သူများသည် ထိုင်ဝမ်၏ ရေငုပ်သင်္ဘော စီမံကိန်းအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း ၂၀၂၁ ခုနှစ်တွင် ရိုက်တာ သတင်း ဌာနက ဖော်ပြခဲ့ပြီးနောက် တရုတ်က တောင်ကိုရီးယားကို ဒေါသတကြီး တုန့်ပြန်ခဲ့သည်။ 

ထို့နောက် SI Innotec ကုမ္ပဏီသည် ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် တောင်ကိုရီးယားတွင် ဒဏ်ငွေချမှတ်ခံခဲ့ရပြီး ပါ့ခ်သည် ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။ 

ပါ့ခ်ကမူ သူသည် အမှားအယွင်း လုပ်ခဲ့ခြင်း မရှိကြောင်းနှင့် ပြစ်ဒဏ်အတွက် အယူခံဝင်ခဲ့ကာ ထိုအကြောင်းအရာ နှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

Source: ရိုက်တာ