CNI News

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၀

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် ၉ မြို့နယ်တွင် ဖွင့်လှစ်ထားသည့် တအာင်းအမျိုးသား ကိုယ်ပိုင်ကျောင်းများ တွင် ဆရာ/ဆရာမ လုံလောက်မှု မရှိကြောင်း ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) မှ ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော် က CNI သတင်းဌာနသို့ ပြောသည်။

တအာင်းကိုယ်ပိုင်ကျောင်းများကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ပထမအပတ်၌ စတင်၍ တအာင်းအမျိုးသား ပညာရေးကော်မတီ (TNEC)က ဦးဆောင် ဖွင့်လှစ်ခဲ့သည်။

TNEC က တအာင်းအမျိုးသားကိုယ်ပိုင်ကျောင်းဖွင့်လှစ် (TNEC)

ဗိုလ်မှူး မိုင်းအိုက်ကျော်က “TNEC ပေါ့နော်၊ တအာင်းအမျိုးသား ပညာရေးကော်မတီက ဦးဆောင်ပြီးတော့ ဖွင့်ခဲ့ တယ်၊ ကျနော်တို့ မြင်တွေ့နေတာကတော့ အောက်ခြေမှာတော့ ဆရာ/ဆရာမ လုံလောက်မှု မရှိတဲ့ဟာလည်း တွေ့ရတယ်။ တချို့ စာရေးကိရိယာပိုင်း ပြည့်ပြည့်စုံစုံ မရှိဘူး။ လိုအပ်ချက်ရှိတယ်။ ဒီကျောင်းသူ/ကျောင်းသား တွေ ပညာမသင်ရတာ ၂ နှစ်လောက် ရှိပြီပေါ့နော်၊ ဒါကြောင့် ဒီဟာကို အရပ်ဖက် အဖွဲ့အစည်းရယ်၊ သံဃာတော် အဖွဲ့အစည်းရယ်၊ သူတို့ ပေါင်းပြီးတော့ ကျောင်းဖွင့်လှစ် နိုင်အောင်ပေါ့နော် စခဲ့တယ်။ ဒီနှစ်မှ စတာဆိုတော့ အဆင်မပြေမှုတော့ ရှိနေတာတော့ တွေ့ရတယ်” ဟု ပြောသည်။

တအာင်းကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ၂၀၂၀ ခုနှစ်မှ စတင်ကာ အခြေခံပညာကျောင်းများ ပိတ်ထားရ သည့်အတွက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ကျောင်းဖွင့်လှစ်သည့်အခါ တအာင်းစာပေအပြင် အခြား ဘာသာရပ်များ၊ အခြား လူမျိုးစုများ၏ ကျေးရွာများတွင် ၎င်းတို့၏ စာပေများကို သင်ကြားသွားမည်ဟု သိရသည်။