CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀

ယူနိုက်တက်အသင်း နည်းပြရာထူးအတွက် သတင်းတွေ ထွက်ပေါ်နေတဲ့ ဂျာမန်လူမျိုးနည်းပြ တူချယ်လ်က ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားခြင်း မရှိသေးဘူးလို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်းဟာ နည်းပြ အဲရစ်တန်ဟတ်ကို ထုတ်ပယ်ခဲ့မယ်ဆိုရင် နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ထည့်သွင်း စဉ်းစားရမယ့် စာရင်းထဲမှာ ဘိုင်ယန်မြူးနစ်အသင်း နည်းပြဟောင်း တူချယ်လ်ကို ထည့်သွင်းထား တာပါ။ 

မန်ချက်စတာကလပ်ဟာ ပြီးခဲ့တဲ့ရာသီကို ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်နေတာဟာ မပြီးပြတ်သေးတဲ့အတွက် နည်းပြ အဲရစ်တန်ဟတ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရခြင်း မရှိသေးတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ တူချယ်လ်ဟာ ယူနိုက်တက်အသင်း ပူးတွဲပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်နဲ့ ပြင်သစ်မှာ တွေ့ဆုံမှုတွေရှိခဲ့တာပါ။ 

ယူနိုက်တက်အသင်းကိုတွေ့ရစဉ်

ဒါပေမယ့် တူချယ်လ်ဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာပြီးနောက် နည်းပြ လောကထဲကို ပြန်မဝင်ချင်သေးဘဲ အနားယူချင်နေတဲ့အတွက် ယူနိုက်တက်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားခြင်း မရှိသေးတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟတ်ရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြအချို့နဲ့လည်း ချိတ်ဆက်မှုတွေရှိခဲ့ တာပါ။

ယူနိုက်တက်အသင်း နည်းပြရာထူးအတွက် လျာထားတဲ့ စာရင်းထဲမှာ ချယ်လ်ဆီးအသင်း နည်းပြဟောင်း ပိုချက်တီနိုနဲ့ ဂရေဟမ်ပေါ်တာ၊ ဘရိုက်တန်အသင်း နည်းပြဟောင်း ဒီဇာဘီ၊ ဘရန်ဖို့ဒ်အသင်းနည်းပြ သောမက်စ်ဖရန့်ခ်တို့ ပါဝင်နေတာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကလည်း ယူနိုက်တက်အသင်း နည်းပြရာထူးအတွက် ထိပ်ဆုံးကနေ ရေပန်းစားနေပေမယ့် သူကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲပြီးမှ အနာဂတ်ကို ဆုံးဖြတ်ဖို့ ရှိနေတာပါ။

ပြီးခဲ့တဲ့ရာသီမှာ FA ဖလား ရယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ရလဒ်တွေဆိုးပြီး အဆင့် ၈ နေရာနဲ့ အဆုံးသတ်ခဲ့ရတဲ့ ယူနိုက်တက်အသင်းဟာ ယူရိုပြိုင်ပွဲ ဗိုလ်လုပွဲအပြီး နောက်တစ်ရက်အကြာမှာ ရာသီသစ် အတွက် ပထမဆုံးရာသီကြို ခြေစမ်းပွဲကစားဖို့ရှိနေတာ ဖြစ်ပါတယ်။ 

Source: BBC