CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၄

ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာဟာ ကိုပါအမေရိကဖလား ဗိုလ်လုပွဲအပြီးမှာ အာဂျင်တီးနားအသင်းဖော် အချို့နဲ့အတူ လူမျိုးရေးခွဲခြားတဲ့ သီချင်းသီဆိုမှုကြောင့် ဝေဖန်ခံနေရတဲ့ ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ကို ကာကွယ်ပေးသွားခဲ့ပါတယ်။

မာရက်စ်ကာက “ကစားသမားက တောင်းပန်ကြောင်း ကြေညာချက် ထုတ်ပြီးဖြစ်သလို ကလပ်ကလည်း ဒီလို လုပ်ဆောင်ခဲ့ပါတယ်။ ဒီအခြေအနေက အလွန်ရှင်းနေပါပြီ။ သူအသင်းထံ ပြန်လာဖို့ ပြဿနာမရှိဘူးလို့ ကျနော် ထင်ပါတယ်။ သူတို့တွေဟာ လူသားတွေဖြစ်ပြီး သူတို့ထဲက တစ်ဦးဦးဆီကနေ ဆိုးရွားတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ မထင်ပါဘူး။ ကျနော် အန်ဇိုနဲ့ စကားအများကြီး ပြောပြီးပါပြီ။ သူပြန်လာရင် ပြဿနာရှိမှာ မဟုတ်ဘူး”လို့ ပြောခဲ့ တာပါ။

အန်ဇိုဖာနန်ဒက်ဇ်ဟာ ကိုပါအမေရိကဖလား ဗိုလ်လုပွဲအပြီးမှာ အသင်းဖော်အချို့နဲ့အတူ သီဆိုခဲ့တဲ့ ဗွီဒီယိုကို ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့တာကြောင့် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က လူမျိုးရေးခွဲခြားမှု ပြုလုပ်တယ်ဆိုပြီး တိုင်ကြားမှု ပြုလုပ်ခြင်းခံထားရတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် အန်ဇိုဖာနန်ဒက်ဇ်ဟာ စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုကို ခံရဖွယ်ရှိနေတာပါ။ 

နည်းပြ မာရက်စ်ကာကို တွေ့ရစဉ်

အန်ဇိုဖာနန်ဒက်ဇ်ဟာ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြန်လည်တောင်းပန်ခဲ့ပေမယ့် ဝေဖန်မှုတွေခံခဲ့ရပြီး ချယ်လ်ဆီး အသင်းဖော် ပြင်သစ်ကစားသမားတွေက သူ့ကို ဆိုရှယ်မီဒီယာပေါ်မှာ Unfollow ပြုလုပ်ခဲ့ကြပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက အန်ဇိုဖာနန်ဒက်ဇ်ကို ကာကွယ်မှုပြုလုပ်ပေးခဲ့ပါတယ်။ 

ချယ်လ်ဆီးအသင်းခေါင်းဆောင် ရီစီဂျိမ်းစ်က အန်ဇိုဖာနန်ဒက်ဇ်ဟာ သူ အမှားလုပ်ခဲ့တဲ့အတွက် ကလပ်နဲ့ အသင်းကို တောင်ပန်ခဲ့ပြီးပြီလို့ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်ပြောခဲ့ပါတယ်။

အန်ဇိုဖာနန်ဒက်ဇ်ဟာ လက်ရှိအချိန်မှာ အနားယူနေပြီး လာမယ့် ရက်သတ္တပတ်ထဲ ချယ်လ်ဆီးအသင်းနဲ့ ပူးပေါင်းဖို့ရှိနေတာပါ။

ချယ်လ်ဆီးအသင်းဟာ ရာသီကြိုခြေစမ်းပွဲအတွက် အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီး ရက်စ်ဟမ်း၊ ဆဲလ်တစ်၊ ကလပ်အမေရိက၊ မန်စီးတီး၊ ရီးရယ်လ်အသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ 

Source: Goal