CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်ရှိ ဂျာယန်ပြည်သူ့စစ်စခန်းကို တအာင်း(ပလောင်)အမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA)က နိုဝင်ဘာ ၄ ရက်နေ့ နံနက် ၅ နာရီခွဲတွင် ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဟု PSLF/TNLA က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဂျာယန်ပြည်သူ့စစ်စခန်းသည် မြန်မာ့တပ်မတော်၏ ထောက်ပို့ကြားစခန်းဖြစ်သည်။

ဂျာယန်ပြည်သူ့စစ်စခန်း ဝင်ရောက်တိုက်ခိုက်စဉ် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၃၈ ဦး ဖမ်းဆီးရမိခဲ့သော်လည်း ၃၄ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ သို့သော် စခန်း တာဝန်ရှိသူ လက်ထောက်စခန်း ဗိုလ်မှူး ဦးခမ်းဆိုင်၊ ရုံးအဖွဲ့ ဗိုလ်မှူး ဦးတောင်ဆွဲ၊ ဒုလက်ထောက်စခန်း ဗိုလ်ကြီး ဦးထူးအောင်၊ ဆေးမှူး ဗိုလ်ဦးတောင်ဂျုံတို့ကို ထိန်းသိမ်း ထားကြောင်း PSLF/TNLA က ထုတ်ပြန်ခဲ့သည်။

ထို့နောက် စခန်းအတွင်းမှ လက်နက်မျိုးစုံ ၇၈ လက်၊ ကျည်းမျိုးစုံ ၄၃ ဖာ၊ ၂၁၈ ထောင့်၊ စကားပြောစက် ၂၁ လုံး၊ ယာမဆေးပြား ထုပ်ကြီး ၃၉ ထုပ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။