CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၄

နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ မေလ ၂၆ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ ပါတီဖွဲ့စည်းပုံ စည်းမျဉ်းအရ လည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီ ၃ ရက် တွင် ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေးအရ လည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၀ ရက်တွင် ပြုလုပ်သော ဗဟို အလုပ်မှုဆောင် ကော်မတီ အစည်းအဝေးအရ လည်းကောင်း နိုင်ငံလုံးဆိုင်ရာညီလာခံကို မေလ ၂၆ ရက်မှ ၂၇ ရက်ထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

မေလ ၂၆ ရက်နေ့ နံနက် ၈ နာရီမှ ၁၁ နာရီအထိ ညီလာခံဖွင့်ပွဲ အခမ်းအနားကို ကျင်းပမည် ဖြစ်ပါကြောင်း SNLD က ပြောသည်။

SNLD ပါတီသည် ၁၉၈၈ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၊ ၂၀၂၀ အထွေထွေရွေးကောက်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ တတိယ အင်အားကြီး ပါတီအဖြစ် ရပ်တည် လျက်ရှိသည်။