CNI Sport News

 ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇

ဂျော်ဒန်အသင်းကို အရေးနိမ့်ပြီး အာရှဖလားပြိုင်ပွဲကနေ တောင်ကိုရီးယားအသင်း ထွက်ခွာခဲ့ရပြီးနောက် အသင်းခေါင်းဆောင် ဆွန်ဟောင်မင်က တောင်ကိုရီးယားအသင်း ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။

ဆွန်ဟောင်မင်က "ကျနော် ဘာပြောရမလဲ မသိတော့ပါဘူး။ အလွန်ဝမ်းနည်းမိပါတယ်။ ကစားသမားတွေက အကောင်းဆုံးလုပ်ခဲ့ပေမယ့် အမှားအယွင်းတွေနဲ့အတူ ပွဲက အဆုံးသတ်သွားတဲ့အတွက် ကျနော်ဝမ်းနည်းမိ ပါတယ်။ ပရိသတ်တွေက ကျနော်တို့ကို အကောင်းဆုံး အားပေးခဲ့ပေမယ့် သူတို့မျှော်လင့်သလို မစွမ်းဆောင်နိုင်ခဲ့ တဲ့အတွက် တောင်းပန်ပါတယ်။ အနာဂတ်မှာ လက်ရွေးစင်အသင်း အများကြီး တိုးတက်နိုင်ဖို့အတွက် ကျနော် ပိုပြီးကြိုးစားသွားမယ်"လို့ ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယားအသင်းဟာ အာရှဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဂျော်ဒန်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားအသင်းဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းအထိ ရှိခဲ့ပေမယ့် ဂိုးပေါက်တည့်မှု ၁ ကြိမ်မှ မရှိခဲ့ပါဘူး။

ဂျော်ဒန်အသင်း ဗိုလ်လုပွဲတက်သွားလို့ အောင်ပွဲခံနေကြစဉ်

ဂျော်ဒန်အသင်းဟာ ဂိုးပေါက်ကန်သွင်းမှု ၁၇ ကြိမ်နဲ့ ဂိုးပေါက်တည့်မှု ၇ ကြိမ်အထိရှိခဲ့တာ ဖြစ်ပါတယ်။ 

တောင်ကိုရီးယားအသင်းနည်းပြ ကလင်းစမန်းက ဒီပွဲရှုံးနိမ့်ခဲ့တဲ့အတွက် အလွန်စိတ်ပျက်ပေမယ့် နည်းပြရာထူး က နုတ်ထွက်သွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ကလင်းစမန်းက "ကျနော် ရာထူးကနုတ်ထွက်ဖို့ အစီအစဉ်မရှိပါဘူး။ ကျ‌နော်ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး သုံးသပ်မှုတွေ ပြုလုပ်သွားမှာပါ။ ပြီးရင် တောင်ကိုရီးယားကို ပြန်သွားပြီး အဖွဲ့ချုပ်၊ အသင်းတို့နဲ့ ဒီပြိုင်ပွဲမှာ ကောင်းတဲ့အရာ တွေ၊ ဆိုးတဲ့အရာတွေကို ဆွေးနွေးသွားမယ်"လို့ ပြောကြားခဲ့ပါတယ်။

ဂျော်ဒန်အသင်းကတော့ သူတို့ရဲ့သမိုင်းမှာ အာရှဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Metro