CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၆

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ မတိုင်ခင် ပြင်ဆင်မှု အစိတ်အပိုင်းအဖြစ် ဘော့စနီးယား၊ အိုက်စလန် အသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်မယ်လို့ ကြေညာခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ဇွန် ၃ ရက်မှာ ဘော့စနီးယားနဲ့ စိန့်ဂျိမ်းစ်ပါ့ခ်ကွင်း၊ ၇ ရက်မှာ အိုက်စလန်အသင်းနဲ့ ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်သွားမှာပါ။ 

အင်္ဂလန်အသင်းဟာ ဒီ ၂ ပွဲ ကစားပြီးရင် ယူရို ၂၀၂၄ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇွန်လ ၁၆ ရက်မှာ ဆားဘီးယားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

အင်္ဂလန်အသင်းဟာ ဒီခြေစမ်းပွဲ ၂ ပွဲမတိုင်ခင် မတ်လ ၂၃ ရက်မှာ ဘရာဇီးလ်၊ ၂၆ ရက်မှာ ဘယ်လ်ဂျီယံအသင်း တို့နဲ့ ခြေစမ်းပွဲကစားဖို့လည်း စီစဉ်ထားတာပါ။

ဘော့စနီးယားနဲ့ အိုက်စလန်အသင်းတို့ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရဖို့ ခြေစစ်ပွဲ မအောင်မြင်သေးပေမယ့် မတ်လထဲမှာ ကစားမယ့် ပလေးအော့ဖ် အဆင့်တွေကနေ ဒီပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရအောင် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ 

ယူရို ၂၀၂၄ ပြိုင်ပွဲ ဆုဖလားကိုတွေ့ရစဉ်

ဘော့စနီးယားအသင်းဟာ ပလေးအော့ဖ် ဆီမီးဖိုင်နယ်အဖြစ် ယူကရိန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အိုက်စလန် အသင်းက အစ္စရေးအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

ဒီပွဲစဉ် ၂ ပွဲမှာ အနိုင်ရတဲ့ အသင်းဟာ ဗိုလ်လုပွဲယှဉ်ပြိုင်ပြီး ဝင်ခွင့် ၁ နေရာကို ရရှိမှာဖြစ်ပါတယ်။

အင်္ဂလန်အသင်းကတော့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ဖို့ ရည်မှန်းထားတာပါ။ အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲဗိုလ်လုပွဲမှာ အီတလီအသင်းကို ပင်နယ်တီ အဆုံးအဖြတ်မှာ အရေးနိမ့်ပြီး ဒုတိယသာ ရရှိခဲ့တာကြောင့် ဒီတစ်ကြိမ်ပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဆားဘီးယား၊ ဒိန်းမတ်၊ ဆလိုဗေးနီးယားအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတာပါ။

ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲကို ဇွန်လ ၁၄ ရက်ကနေ ဇူလိုင် ၁၄ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Source: BBC