CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၇ 

အီဂျစ်အသင်းဟာ ထုတ်ပယ်လိုက်တဲ့ နည်းပြ ရူအီဗစ်တိုးရီးယားရဲ့နေရာမှာ နိုင်ငံအသင်းရဲ့ စံချိန်တင်ဂိုးသွင်းရှင် ဟိုဆမ်ဟာဆန်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

အီဂျစ်ဘောလုံးအဖွဲ့ချုပ်(EFA)ဟာ ဟိုဆမ်ဟာဆန်ကို နည်းပြသစ်အဖြစ် ခန့်အပ်ကြောင်း ကြေညာခဲ့သလို သူ့ရဲ့ အမွှာ ညီအစ်ကိုဖြစ်တဲ့ အီဘရာဟင်ဟာဆန်ကိုလည်း အသင်းရဲ့ ဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့တာပါ။ 

အီဂျစ်ဘောလုံးအဖွဲ့ချုပ်ဟာ အစောပိုင်းက နိုင်ငံခြားသားနည်းပြတစ်ဦးကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စဉ်းစားခဲ့ ပေမယ့် နောက်ပိုင်းမှာတော့ ဟိုဆမ်ဟာဆန်ကို နည်းပြသစ်အဖြစ် အလျင်အမြန်ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

အီဂျစ်အသင်းဟာ ကျင်းပနေတဲ့ အာဖရိကဖလားပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြ ဖြစ်သူ ရူအီဗစ်တိုးရီးယားကို ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။

ဟိုဆမ်ဟာဆန်ကို တွေ့ရစဉ်

အီဂျစ်အသင်းအတွက် ၆၈ ဂိုး သွင်းယူထားပြီး နိုင်ငံအသင်းရဲ့ဂိုးသွင်း အများဆုံး ကစားသမားအဖြစ် ရပ်တည်နေ တဲ့ ဟိုဆမ်ဟာဆန်ဟာ နိုင်ငံအသင်းကို ကိုင်တွယ်ချင်တဲ့ သူ့ရဲ့ဆန္ဒကို မကြာခဏဆိုသလို ပြောခဲ့တာ ဖြစ်ပါ တယ်။ 

အသက် ၅၇ နှစ်အရွယ်ရှိ ဟိုဆမ်ဟာဆန်ဟာ ကစားသမားဘဝမှာ အောင်မြင်မှု အများအပြား ရခဲ့ပေမယ့် နည်းပြ ဘဝမှာတော့ အောင်မြင်မှု ရယူနိုင်ခဲ့ခြင်း မရှိသေးပါဘူး။

ဟိုဆမ်ဟာဆန်ဟာ အီဂျစ်အသင်းနဲ့အတူ အာဖရိကဖလား ၃ ကြိမ်အထိ ရယူနိုင်ခဲ့ပြီး အာရပ်နိုင်ငံများ ၁ ကြိမ် ရယူနိုင်ခဲ့တာပါ။

ဟိုဆမ်ဟာဆန်ဟာ အီဂျစ်အသင်းကို ဇွန်လထဲမှာကစားမယ့် ဘာကီနာဖာဆို၊ ဂီနီဘစ်ဆောအသင်းတို့နဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(အာဖရိကဇုန်)ပွဲစဉ်တွေမှာ စတင်ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ 

အီဂျစ်အသင်းဟာ ခြေစစ်ပွဲ ၂ ပွဲကစားအပြီးမှာ ၂ ပွဲစလုံး အနိုင်ရထားပါတယ်။

Source: CNA