CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၃၁ 

ဘိုကာဂျူနီယာအသင်း တိုက်စစ်မှူး ကာဗာနီဟာ ဥရုဂွေးလက်ရွေးစင်အသင်း ကစားသမားဘဝက အနားယူပြီလို့ တရားဝင် ကြေညာလိုက်ပါတယ်။

၂၀၀၈ ခုနှစ်မှာ ဥရုဂွေးအသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့ ကာဗာနီဟာ ကိုပါအမေရိကဖလား ပြိုင်ပွဲဝင်မယ့် နိုင်ငံအသင်း လူစာရင်းမှာ ရွေးချယ်ခံထားရပေမယ့် အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

အသက် ၃၇ နှစ်အရွယ်ရှိ ကာဗာနီဟာ ဥရုဂွေးအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ကြိမ် ပါဝင်ကစားခဲ့ပြီး ဂါနာ အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံအသင်းအတွက် နောက်ဆုံး ပါဝင်ကစား ခဲ့တာ ဖြစ်ပါတယ်။

ကာဗာနီဟာ ဘိုကာဂျူနီယာအသင်းအတွက် အပြည့်အ ဝအာရုံစိုက်ချင်တာကြောင့် နိုင်ငံအသင်းက အနားယူဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောခဲ့ပါတယ်။

ကာဗာနီဟာ ဥရုဂွေးအသင်းအတွက် ၁၃၆ ပွဲ ပါဝင်ကစားခဲ့ပြီး ၅၈ ဂိုးသွင်းယူခဲ့တာပါ။ 

ဥရုဂွေးအသင်းကို တွေ့ရစဉ်

ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်းဟာ နိုင်ငံအသင်းဖော်ဟောင်း ဆွာရက်ဇ်ရဲ့အနောက်မှာ ဥရုဂွေး အသင်းရဲ့ တတိယမြောက် ပွဲအရေအတွက် အများဆုံး ကစားသမားနဲ့ ဒုတိယမြောက် ဂိုးအများဆုံး သွင်းယူ ထားတဲ့သူအဖြစ် ရှိနေတာ ဖြစ်ပါတယ်။ 

ကာဗာနီဟာ ဥရုဂွေးအသင်းနဲ့ အောင်မြင်မှုအဖြစ်၂၀၁၁ ကိုပါအမေရိကဖလားကို ရယူနိုင်ခဲ့တာပါ။ 

ဥရုဂွေးအသင်းဟာ ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အိမ်ရှင် အမေရိကန်၊ ပနားမား၊ ဘိုလီးဗီးယားအသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး ဇွန်လ ၂၃ ရက်မှာ အဖွင့်ပွဲစဉ်အဖြစ် ပနားမားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

ဥရုဂွေးအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ၁၅ ကြိမ် ရရှိထားပြီး အာဂျင်တီးနားအသင်းနဲ့ အတူ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေတာပါ။ 

ဥရုဂွေးအသင်းဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ၂၀၁၁ ခုနှစ်က ချန်ပီယံဆုရယူပြီးနောက်ပိုင်း ဆုဖလား အောင်မြင်မှုနဲ့ ဝေးကွာနေတာ ဖြစ်ပါတယ်။ 

ဥရုဂွေးအသင်းဟာ ကိုပါအမေရိကဖလား ပြိုင်ပွဲမတိုင်ခင်မှာ ကော်စတာရီကာ၊ မက္ကဆီကိုအသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

Source: DailyMail