CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၅

ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်ဟာ ဒူးဒဏ်ရာကြောင့် ကွာတားဖိုင်နယ်ပွဲစဉ် မယှဉ်ပြိုင်ခင် ပြင်သစ်အိုးပန်း ပြိုင်ပွဲက နုတ်ထွက်ခဲ့ပါတယ်။

ဂျိုကိုဗစ်ဟာ စတုတ္ထအဆင့် ပွဲစဉ်ဖြစ်တဲ့ အာဂျင်တီးနား တင်းနစ်သမား ဆီရန်ဒိုလိုကို အနိုင်ရတဲ့ပွဲအပြီးမှာ ဒဏ်ရာ ခံစားခဲ့ရတာကြောင့် ပြင်သစ်အိုးပန်းပြိုင်ပွဲရဲ့ မြေစေးကွင်းကို အပြစ်တင်မှုတွေ ပြုလုပ်ခဲ့တာပါ။ 

ဂျိုကိုဗစ်ဟာ သူ့ရဲ့ဒဏ်ရာ အခြေအနေကို စကန်ဖတ်စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ ပြင်သစ်အိုးပန်း ဂရမ်းဆလမ်း ပြိုင်ပွဲက နုတ်ထွက်တယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဂျိုကိုဗစ်က “ပြိုင်ပွဲက နုတ်ထွက်ကြောင်း ကြေညာရတာကို အလွန်စိတ်မကောင်း ဖြစ်မိပါတယ်။ သေချာစဉ်းစား တိုင်ပင်ဆွေးနွေးပြီးနောက် ကျနော်နဲ့ အသင်းဟာ ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချခဲ့ရတာ”လို့ ပြောခဲ့တာပါ။

 ဂျိုကိုဗစ် ဒဏ်ရာရသွားစဉ်

ဂျိုကိုဗစ်ပြိုင်ပွဲက နုတ်ထွက်ခဲ့တာကြောင့် သူနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ယှဉ်ပြိုင်ရမယ့် နော်ဝေတင်းနစ်သမား ကတ်စပါရုဒ်ဟာ အလိုအလျောက် ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။

ဂျိုကိုဗစ်ဟာ ပြင်သစ်အိုးပန်းပြိုင်ပွဲမှာ လက်ရှိ ချန်ပီယံဖြစ်တာကြောင့် ချန်ပီယံဆု ကာကွယ်နိုင်မယ့် အခွင့်အရေး လက်လွှတ်ခဲ့ရသလို ဂရမ်းဆလမ်းဆုဖလား ၂၅ ကြိမ်မြောက် ရယူနိုင်မယ့် မျှော်လင့်ချက်ကိုလည်း အဆုံးသတ်ခဲ့ ရတာပါ။

ပြင်သစ်အိုးပန်းပြိုင်ပွဲအပြီးမှာ ဂျိုကိုဗစ်ဟာ ကမ္ဘာ့အဆင့် ၁ နေရာကို ဆုံးရှုံးရမှာဖြစ်ပြီး သူ့ရဲ့နေရာကို အီတလီ တင်းနစ်သမား ဂျန်နစ်စင်နာက အစားထိုး ရယူသွားမယ်လို့ သိရပါတယ်။ 

ဂျိုကိုဗစ်ဟာ ပြင်သစ်အိုးပန်းပြိုင်ပွဲက ထွက်ခွာခဲ့ရပြီးနောက် ချန်ပီယံဆု ၇ ကြိမ်အထိ ရယူထားတဲ့ ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲမှာ ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

Source: BBC