CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၈

အေစီမီလန်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့မှာ လူကာကူကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းမှုအဖြစ် ချယ်လ်ဆီး အသင်းနဲ့ ဆွေးနွေးမှုအသစ် စတင်ခဲ့တယ်လို့ အီတလီသတင်းတွေမှာ ဖော်ပြထားပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ရိုးမားအသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ လူကာကူကို ဒီနွေရာသီ မှာ အပြီးသတ် ရောင်းချချင်နေတာပါ။ 

လူကာကူကို ခေါ်ယူဖို့ အေစီမီလန်အသင်းနဲ့ နာပိုလီအသင်းတို့ဟာ အပြိုင်ကြိုးစားနေပြီး ချယ်လ်ဆီးအသင်းက ဘယ်လ်ဂျီယံ ကစားသမားအတွက် အနည်းဆုံး ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။ 

Sky Sports အီတလီက နာပိုလီအသင်းဟာ လက်ရှိအချိန်မှာ လူကာကူအတွက် ဆွေးနွေးညှိနှိုင်းမှု မရှိသေးတာ ကြောင့် အေစီမီလန်အသင်းဟာ အပြောင်းအရွှေ့ဖြစ်ဖို့ ကြိုးစားနေတယ်လို့ ဖော်ပြထားတာပါ။

နာပိုလီအသင်းဟာ တိုက်စစ်မှူး အိုဆင်ဟမ်ကို ရောင်းချပြီးမှသာ လူကာကူကို ခေါ်ယူဖို့ လှုပ်ရှားဖွယ်ရှိနေတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့်လည်း အေစီမီလန်အသင်းဟာ လူကာကူအတွက် ချယ်လ်ဆီးအသင်းနဲ့ ဆွေးနွေးမှုအသစ်ကို စတင်ခဲ့ တာပါ။

လူကာကူကို တွေ့ရစဉ်

နာပိုလီအသင်းဟာ လူကာကူကို အင်တာမီလန်အသင်း နည်းပြဟောင်း ကွန်တီနဲ့ ပြန်လည် လက်တွဲလုပ်နိုင်မယ့် အလားအလာအတွက် ကမ်းလှမ်းမှု ပြုလုပ်ထားတာဖြစ်ပြီး ကစားသမားကတော့ အပြောင်းအရွှေ့ ၂ ခုစလုံးကို စိတ်ဝင်စားနေပါတယ်။

လူကာကူဟာ မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့နိုင်တဲ့ အရိပ်အမြွက်တစ်ခုကို ပြောထားပါတယ်။ 

လူကာကူဟာ လက်ရှိအချိန်မှာ ဘယ်လ်ဂျီယံအသင်းနဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲအတွက်ကိုပဲ အာရုံစိုက်နေပြီး ပြိုင်ပွဲ အပြီးမှသာ အနာဂတ်ကို ဆုံးဖြတ်ဖို့ရှိနေပါတယ်။

လူကာကူဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပြီး သွင်းဂိုးတစ်ဂိုးမှ သွင်းယူနိုင်ခြင်း မရှိသေးပါဘူး။

ဘယ်လ်ဂျီယံအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ ပြင်သစ်အသင်းနဲ့ တွေ့ဆုံနေပြီး ဇူလိုင် ၁ ရက်မှာ ပွဲယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail