CNI Sport News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉

စပိန်ကွင်းလယ်လူဟောင်း ကာဇိုလာဟာ အာဆင်နယ်အသင်းထံ ပြန်လာဖို့ နည်းပြ အာတီတာနဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ပေမယ့် စပိန်ကလပ် အိုဗီဒိုအသင်းမှာပဲ ဆက်ရှိတော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းမှာ ကစားခဲ့ချိန်က အာတီတာနဲ့အတူ ကွင်းလယ်မှာတွဲဖက်ပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ အသက် ၃၈ နှစ်အရွယ်ရှိ ကာဇိုလာဟာ အခုအချိန်ထိ ဘောလုံးကစားတာကနေ အနားယူခြင်း မရှိသေးတာပါ။ 

ကာဇိုလာဟာ အသင်းဟောင်း အာဆင်နယ်အသင်းထံ ပြန်လာဖို့ အာတီတာနဲ့ ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် ဒါဟာ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ အပတ်က ကာဇိုလာ ကစားနေတဲ့ အိုဗီဒိုအသင်းဟာ လာလီဂါထံ တန်းပြန်တက်မယ့် ပလေးအော့ဖ် ဗိုလ်လုပွဲမှာ အက်စ်ပန်ညိုအသင်းကို အရေးနိမ့်သွားခဲ့တာပါ။

ဒါပေမယ့် ကာဇိုလာဟာ သူ့ရဲ့ ငယ်ဘဝကလပ်ဖြစ်တဲ့ အိုဗီဒိုအသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး စာချုပ်ကို ၁ နှစ် သက်တမ်းတိုးခဲ့ပါတယ်။

ကာဇိုလာကို တွေ့ရစဉ်

ကာဇိုလာဟာ အိုဗီဒိုအသင်းကို သူ့ရဲ့နောက်ဆုံး လက်ဆောင်အဖြစ် စပိန်လာလီဂါပြိုင်ပွဲထံ ပြန်ပို့ပေးနိုင်ဖို့ မျှော်လင့်နေတာပါ။ 

ကာဇိုလာဟာ အာဆင်နယ်အသင်းမှာ ၆ ရာသီကြာ ကစားခဲ့ပြီး FA ဖလား ၂ ကြိမ်နဲ့ ကွန်မြူနတီဒိုင်း  ၂ ကြိမ် ရယူနိုင်ခဲ့ပါတယ်။ 

အာဆင်နယ်အသင်းဟာ ကစားသမားဟောင်း ကာဇိုလာ အသင်းထံ ပြန်လာမှာကို တံခါးဖွင့်ပေးထားပေမယ့် ကစားသမားကတော့ လာမယ့်ရာသီ အိုဗီဒိုအသင်းမှာပဲ ဆက်ပြီးရှိနေတော့မှာပါ။

ကာဇိုလာဟာ အိုဗီဒိုအသင်းနဲ့ စာချုပ်ကုန်ဆုံးချိန်မှာ နည်းပြလောကထဲကို ဝင်ရောက်ဖို့ ရှိနေပါတယ်။ 

စပိန်အသင်းအတွက် ၈၁ ပွဲ ပါဝင်ကစားခဲ့တဲ့ ကာဇိုလာဟာ နိုင်ငံအသင်းနဲ့အတူ ယူရို ၂၀၀၈၊ ၂၀၁၂ ဆုဖလား တွေကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

Source: Goal