CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၀

ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ယနေ့(ဇူလိုင် ၉ ရက်နေ့)တွင် ကျင်းပခဲ့သည့် အမျိုးသမီးနိုင်ငံတကာ ချစ်ကြည်ရေး ခြေစမ်းပွဲတွင် မြန်မာအမျိုးသမီးအသင်းက အိန္ဒိယအမျိုးသမီးအသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရ ရှိခဲ့သည်။ 

မြန်မာအမျိုးသမီး အသင်းအတွက် သွင်းဂိုးများကို ၁၄ မိနစ်မှာ ဝင်းသိင်္ဂီထွန်း၊ ၇၄ မိနစ်မှာ စန်းသော်သော်တို့က သွင်းယူပေးခဲ့ကြသည်။ 

အိန္ဒိယအမျိုးသမီး ဘောလုံးအသင်းကို တွေ့ရစဥ်

အိန္ဒိယအမျိုးသမီး အသင်းအတွက် ခြေပဂိုးကိုတော့ ၅၈ မိနစ်မှာ Pyari Xaxa က သွင်းယူပေးခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် ကမ္ဘာ့အဆင့် ၅၄ မှာရပ်တည်နေပြီး အိန္ဒိယအမျိုးသမီးအသင်းကတော့ ကမ္ဘာ့ အဆင့် ၆၇ မှာ ရပ်တည်လျက်ရှိသည်။