CNI Sport News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၆

လီဂူး-၁ ချန်ပီယံဟောင်း ဘော်ဒိုးအသင်းဟာ ပြင်သစ်ဘောလုံးရဲ့ တတိယတန်းကို တန်းဆင်းသွားခဲ့ပြီးနောက် သူတို့ရဲ့ ပရော်ဖက်ရှင်နယ် အဆင့်အတန်းကို စွန့်လွှတ်လိုက်ပြီ ဖြစ်ပါတယ်။ 

ဘော်ဒိုးအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဘဏ္ဍာရေး အခက်အခဲကြာင့် အသင်းကို ကယ်တင်နိုင်ဖို့အတွက် လီဗာပူးလ်အသင်း ပိုင်ရှင်တွေဖြစ်တဲ့ FSG အစုအဖွဲ့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။ 

ဒါပေမယ့် FSG ဟာ ဒီဆွေးနွေးမှုကနေ နုတ်ထွက်ခဲ့တာကြောင့် ဘော်ဒိုးအသင်းဟာ တတိယတန်းကို တန်းဆင်း တဲ့ ဆုံးဖြတ်ချက်ကို လက်ခံခဲ့တာ ဖြစ်ပါတယ်။ 

ရက်ပိုင်းအကြာမှာတော့ ဘော်ဒိုးအသင်းဟာ ၁၉၃၇ ခုနှစ်မှာ ပထမဆုံးရရှိခဲ့တဲ့ သူတို့ရဲ့ ပရော်ဖက်ရှင်နယ် အဆင့်အတန်းကို စွန့်လွှတ်ခဲ့တာပါ။

အဲဒါကြောင့် ဘော်ဒိုးအသင်းဟာ ဘဏ္ဍာရေး လိုအပ်ချက်တွေကို လျှော့ချဖို့အတွက် ကစားသမားတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ဖျက်သိမ်းရတော့မှာဖြစ်သလို လေ့ကျင့်ရေးစင်တာကိုလည်း ပိတ်ရတော့မှာ ဖြစ်ပါတယ်။ 

ဒါပေမယ့် ဘော်ဒိုးအသင်းဟာ အစကနေ ပြန်လည်ဖွဲ့စည်းမှာဖြစ်လို့ လူငယ်အသင်းတွေကို ဆက်ပြီး ပျိုးထောင် သွားဖို့ ရှိနေတာပါ။ 

ဘော်ဒိုးအသင်းကို တွေ့ရစဉ်

ဘော်ဒိုးအသင်းကတော့ ဒါဟာ သူတို့အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ထား ပါတယ်။ 

ဘော်ဒိုးအသင်းဟာ ဇီဒန်း၊ လီဇာရာဇူး၊ ကွန်ဒေး၊ ချူအာမန်နီတို့လို နာမည်ကြီး ကစားသမားတွေကို တိုးတက် အောင် ကူညီပေးခဲ့ပေမယ့် အခုအချိန်မှာတော့ သူတို့ဟာ ဘဏ္ဍာရေး အခက်အခဲတွေကို ကြီးကြီးမားမား ခံစားခဲ့ရ တာပါ။

ဘော်ဒိုးအသင်းဟာ ပြင်သစ်လီဂူး-၁ ပြိုင်ပွဲမှာ ချန်ပီယံဆုကို ၆ ကြိမ်ရရှိခဲ့ပြီး နောက်ဆုံး ရရှိခဲ့တာက ၂၀၀၈-၀၉ ရာသီက ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဘော်ဒိုးအသင်းဟာ ပြီးခဲ့တဲ့ ၁၃ နှစ်အတွင်းမှာ အမြင့်ဆုံးနေရာကနေ အနိမ့်ဆုံးကို ရောက်ရှိသွားခဲ့တာပါ။

ဘော်ဒိုးအသင်းဟာ ပြင်သစ်ဖလားတွေအပြင် ဥရောပပြိုင်ပွဲဖြစ်တဲ့ UEFA အင်တာတိုတိုပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို ၁ ကြိမ်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

Source: Goal