CNI Sport News 

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၅

ချယ်လ်ဆီးအသင်း၏ ခံစစ်ကစားသမား ချာလိုဘတ်သည် ခြေသလုံးကြွက်သား ဒဏ်ရာကြောင့် အမေရိကန်နိုင်ငံ သို့ သွားရောက်သောကစားမည့် ရာသီကြိုခြေစမ်းပွဲ ခရီးစဥ်တွင် ချန်လှပ်ခံခဲ့ရကြောင်း သိရသည်။

အသက် ၂၅ နှစ်အရွယ်ရှိ ချာလိုဘတ်သည် ဒဏ်ရာပြဿနာများနှင့်သာ ရုန်းကန်ခဲ့ရသည်။

ပြီးခဲ့သည့် ‌ဘောလုံးရာသီကလည်း ဒဏ်ရာပြဿနာများကြောင့် ကာလကြာရှည် အနားယူခဲ့ရပြီး  ပွဲစဥ် အနည်းငယ်သာ ပါဝင်ကစားခဲ့ရ၍ ပြိုင်ပွဲစုံ ၁၇ ပွဲသာ ပါဝင်ကစားခွင့် ရရှိခဲ့သည်။

လက်ရှိ နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလတွင် ချယ်လ်ဆီးအသင်းက ချာလိုဘတ်ကို ရောင်းချမည့် ကစားသမားစာရင်း၌ ထည့်ထားသည်။

ချာလိုဘတ်ကို တွေ့ရစဥ်

ထို့အပြင် အမေရိကန်နိုင်ငံသို့ သွားရောက်သည့်ကစားမည့် ရာသီကြိုခြေစမ်းပွဲ ခရီးစဥ်မှာလည်း ဒဏ်ရာ အကြောင်းပြချက်ဖြင့် အသင်းကစားသမား စာရင်းမှ ချန်လှပ်ခံခဲ့ရသည်။

လက်ရှိတွင် ချယ်လ်ဆီးအသင်းသည် ချာလိုဘတ်အား အငှား ခေါ်ယူမည့် အသင်းကို မျှော်လင့်နေသလို အပြီးသတ် စာချုပ်ဖြင့် ခေါ်ယူမည့် ကမ်းလှမ်းမှုများကိုလည်း လက်ခံဆွေးနွေးသွားရန် စီစဉ်ထားသည်။

ချယ်လ်ဆီးအသင်းက ရာသီကြို ခြေစမ်းပွဲခရီးစဥ်တွင် ချာလိုဘတ်ကို ချန်လှပ်ခဲ့သော်လည်း ဝက်စလေ ဖိုဖာနာ၊ အဲလက်ဒီ ဆာဆီ၊ တိုဆင်တို့ကို ခေါ်ယူခဲ့ကြောင်း သိရသည်။