CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁

ကရင်ပြည်နယ်၊ ဘားအံ သံလွင်တံတား စစ်ဆေးရေးဂိတ်တစ်ခုမှာ ဇူလိုင် ၃၁ ရက်နေ့ နံနက်ပိုင်းက ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံးကာ လေးဦးဝန်းကျင် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အနီးအနားရှိ စစ်ဆေးရေးဂိတ် အဆောက်အဦများ ပျက်စီးသွားသလို ကားနှင့် သုံးဘီးဆိုင်ကယ် တချို့လည်း ပျက်စီးသွားကြောင်း တွေ့ရသည်။

ထိုဗုံးဖောက်ကွဲမှုကို မည်သည့် အဖွဲ့အစည်းက လုပ်သည်ကို မသိရသေးသလို နစကဘက်က အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပေ။