CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကို ဇူလိုင် ၃၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ဒုသမ္မတ(၂) ဦးဟန်နရီဗန်ထီးယူလည်း တက်ရောက်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

နစကနှင့်နီးစပ်သူ တစ်ဦးက “ နံနက် ၁၀ နာရီက ကာ/လုံ အစည်းအဝေး ပြီးတယ်။ အဲမှာ ဦးဟန်နရီဗန်ထီးယူ တက်ရောက်တယ်လို့ ပြောတယ်။ သက်တမ်း ၆ လ တိုးတယ်လို့ကြားတယ်”ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုကို မဖြေ ရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖြုတ်ချ၍ နိုင်ငံတော်အား အရေးပေါ် ကြေညာခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက)ကို ဖွဲ့စည်း၍ ၁ နှစ်တာဝန်ယူခဲ့ရာ ၆ လ သက်တမ်းကို ၂ ကြိမ်တိုးခဲ့သည်။ 

အဆိုပါ အရေးပေါ် အခြေအနေ ကြေညာမှု ၂ နှစ်ပြည့်ပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ အရေးပေါ် ကာလကို ၆ လ သက်တမ်း တိုးကြောင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ရာ ဇူလိုင် ၃၁ ရက်နေ့မှာ ပြည့်၍ ကာ/လုံ အစည်းအဝေး ခေါ်ကာ နောက်ထပ် သက်တမ်း ၆ လ တိုးခဲ့ကြောင်း သိရသည်။