CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့လယ် ဘုရားဝန်းအတွင်း တပ်စွဲထားသော မြန်မာ့တပ်မတော်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့၏ စခန်းတစ်ခုကို အပြီးသတ် ရှင်းလင်းနိုင်ခဲ့သည်ဟု တအာင်းအမျိုးသား လွတ် မြောက်ရေးတပ်မတော်(TNLA)က ယနေ့ ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ မြို့လယ်ဘုရားအတွင်း တပ်စွဲထားသည့် မြန်မာ့တပ်မတော်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ထံမှ လက် နက်မျိုးစုံ ၂၈ ၊ ပစ္စတို ၁ လက်၊ စစ်အသုံးအဆောင် ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု TNLA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နမ့်ခမ်းမြို့လယ် ဘုရားဝန်းအတွင်းက စစ်စခန်းမှ သိမ်းဆည်းရမိဟု TNLA ထုတ်ပြန်ထားစဉ်

နမ့်ခမ်းမြို့ဒေသခံများကတော့ TNLA နှင့် မြန်မာ့တပ်မတော်- ပြည်သူ့စစ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည် မှာ မှန်ကန်ကြောင်း၊ သို့သော် နမ့်ခမ်းမြို့ကို TNLA က အလုံးစုံ ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း၊ နမ့်ခမ်းမြို့ နှင့် ကျေးလက်ဒေသသည် ရှမ်းလူမျိုးအများဆုံးဖြစ်သကဲ့သို့ ရှမ်းဒေသများ များပြား၍ SSPP က အင်အား အများအပြားဖြစ် ရှိနေကြောင်း ပြောသည်။

လက်ရှိတွင် SSPP က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(MNDAA-TNLA-AA)တို့ ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေး တွင် မည်သည့်ဘက်ကမှ မပါဝင်ဘဲ ရှမ်းလူထု ကာကွယ်ရေးအတွက်သာ တပ်များကို ဖြန့်ကြက်ချထားကြောင်း နီးစပ်သူများထံမှ သိရသည်။