CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်စံပြကျေးရွာအုပ်စု၊ လွှစင်ကုန်းကျေးရွာ တွင် ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ဟုမ္မလင်း PDF ပူးပေါင်း တပ်ဖွဲ့တို့ကြား ယနေ့ (နိုဝင်ဘာ ၇ ရက်)နံနက်ပိုင်းကတည်းကနေ ယခု နေ့လယ် ၂ နာရီကျော်အထိ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေသည်။

SNA သည် လွှစင်ကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်း၏ တောင်ကုန်းပေါ်တွင် ရှိနေပြီး KIA-PDF တပ်ဖွဲ့များသည် လွှစင်ကုန်းရွာအတွင်းမှာ နေရာစုံမှာ တည်ရှိနေသည်။

ထို့နောက် KIA-PDF သည် အင်အား အလုံးအရင်းဖြင့် SNA အား ပတ်လည်ဝိုင်းကာ ထိုးစစ်ဆင် တိုက်ခိုက်နေ သည်။

HPDF-124 တပ်ဖွဲ့ကိုတွေ့ရစဉ်

ထိုတိုက်ပွဲအတွင်း KIA-PDF ဘက်က အကျအဆုံးများပြီး SNA ဘက်က တစ်ဦး ကျဆုံးကာ ၅ ဦး ဒဏ်ရာရရှိ ထားကြောင်း ဒေသခံများနှင့် SNA ဘက်က ပြောသည်။

လက်ရှိတွင် လွှစင်ကုန်းကျေးရွာအတွင်း ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေကြပြီး ဖြစ်သည်။

SNA နှင့် တိုက်ပွဲဖြစ်ပွားနေသော ပူးပေါင်းတပ်ဖွဲ့ဘက်တွင် KIA၊ ခန္တီးခရိုင်အမှတ်(၁)တပ်ရင်း ၊ HPDF -124 တပ်ရင်း ၊ HPDF - မိုးကြိုးတပ်ဖွဲ့ ၊ ဟုမ္မလင်းမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ဟုမ္မလင်း-ပလဖ)တို့ ပါ ဝင်ကြသည်။