CNI International News

ပရပ်၊ ဇွန်လ ၁၀

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ဥရောပရွေးကောက်ပွဲများကို ဩဇာလွှမ်းမိုးရန်အတွက် ဆန်းပြားရှုပ်ထွေး သည့် လုပ်ဆောင်ချက်များဖြင့် ကြိုးပမ်းလာကြောင်း ချက်နိုင်ငံ၊ ပရပ် (Prague) မြို့တော်အခြေစိုက် နိုင်ငံတကာ ရေးရာအသင်း၏ မကြာသေးမီက ထုတ်ပြန်သည့် လေ့လာချက်ကို ကိုးကားပြီး EPARDAFAS သတင်းဝက်ဘ်ဆိုက် မှ ဖော်ပြခဲ့သည်။

ဥရောပပါလီမန် ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် ထုတ်ပြန်ခဲ့သည့် ထိုလေ့လာချက်၌  ရွေးကောက်ပွဲ ဆိုင်ရာ ဝင်ရောက်စွက်ဖက်မှုတွင် တရုတ်၏ ပါဝင်မှု မြင့်တက်နေသော အခြေအနေကို အလေးထားဖော်ပြခဲ့သည်။

တရုတ်သည် ဥရောပရွေးကောက်ပွဲများကို စိုးမိုးခြယ်လှယ်ရန် နိုင်ငံရေး ဩဇာလွှမ်းမိုးမှု၊ သတင်းအချက်အလက် ကြိုးကိုင်ခြယ်လှယ်မှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် သူလျှိုလုပ်မှု အပါအဝင် များပြားသည့် နည်းစနစ်များကို အသုံးပြု ခဲ့ကြောင်း သုတေသနပညာရှင်များက တွေ့ရှိခဲ့သည်။

ဥရောပရွေးကောက်ပွဲကို တွေ့ရစဉ်

ဥရောပပါလီမန်တွင် လာမည့် သက်တမ်း ၅ နှစ်အတွက် လွှတ်တော်အမတ်များကို ရွေးကောက်ရန် ဇွန်လ ၆ ရက်မှ ၉ ရက်အထိ ပြုလုပ်သည့် ရွေးကောက်ပွဲ၌ လူပေါင်း သန်း ၄၀၀ နီးပါးက မဲပေးရန် ပြင်ဆင်ခဲ့ချိန် ရွေးကောက်ပွဲ အပေါ် လွှမ်းမိုးရန် တရုတ်၏ ကြိုးပမ်းမှုသတင်း ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ထိုရွေးကောက်ပွဲ ရလဒ်များသည် နိုင်ငံရေး အခင်းအကျင်းကို ပြန်လည်ပုံဖော်စေနိုင်ပြီး တရုတ်အပေါ်ထားရှိသည့် မူဝါဒကို ပြောင်းလဲစေမည်ဖြစ်ကာ ဒီမိုကရေစီ လုပ်ငန်းစဉ်များတွင် ပြည်ပ၏ လွှမ်းမိုးမှုနှင့်ပတ်သက်၍ ဥရောပ သမဂ္ဂ၏ ရပ်တည်ချက်အပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။

ထိုလေ့လာချက်တွင် တရုတ်သည် ၎င်း၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်ရန်နှင့် ခေတ်မီ နည်းပညာများ ကို ရရှိပိုင်ဆိုင်ရန် စေ့ဆော်မှုဖြင့် ထိုကဲ့သို့ ကြားဝင် စွက်ဖက်မှုများကို လုပ်ဆောင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ဥရောပရွေးကောက်ပွဲကို တွေ့ရစဉ်

တရုတ်သည် အမေရိကန်နှင့် တင်းမာမှုများ မြင့်တက်နေချိန်တွင် ကုန်သွယ်ရေးကဏ္ဍ၌ အမေရိကန်အပေါ်  မှီခိုမှု လျှော့ချမည်ဆိုပါက ဥရောပသမဂ္ဂကို အလားအလာရှိသည့် ကုန်သွယ်မိတ်ဖက်အဖြစ် CCP က ရှုမြင်ထားသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း CCP သည် နိုင်ငံပေါင်း ၇ နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ ၁၀ ခုကို ဆိုက်ဘာ နှင့် ဆက်နွှယ်သော ကြားဝင်စွက်ဖက်မှုများ ပြုလုပ်ခဲ့သည်။

ထိုရွေးကောက်ပွဲ အများစုမှာ အာရှ-ပစိဖိတ်ဒေသမှ ဖြစ်သည်ဟု လေ့လာချက်တွင် ဖော်ပြခဲ့သည်။

ထိုကြားဝင်စွက် ဖက်မှုများတွင် မဲဆန္ဒရှင်များ၏ အချက်အလက်များကို ခိုးယူခြင်း၊ လွှတ်တော်ဆိုင်ရာ ဆာဗာများ အား ချိုးဖောက်ဝင်ရောက်ခြင်း၊ ထောက်လှမ်းရေး အချက်အလက်များ ရယူရန် ဆိုက်ဘာတိုက်ခိုက်ခြင်းတို့ ပါဝင် ကြောင်း လေ့လာမှုတွင် ဖော်ပြခဲ့သည်။

Source: EPARDAFAS