CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၁

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ထိန်းချုပ် နယ်မြေဖြစ်သည့် လိုင်ဇာနှင့် မိုင်ဂျာယန် မြို့နယ်များရှိ အထက်တန်း ကျောင်းများတွင် ယနေ့ (ဧပြီ ၂၁ ရက်)မှ စတင်၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုခြင်းများကို စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမှုကို ဧပြီ ၂၁ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း၊ စာမေးပွဲ ဖြေဆိုသူမှာ ၂၁၉၂ ဦးရှိကြောင်း သိရသည်။