CNI International News

တိုင်ပေ၊ ဩဂုတ် ၂

တရုတ် ပြင်းထန်စွာ သတိပေး‌နေသည့်ကြားမှ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီသည် ဩဂုတ် ၂ ရက် (ယနေ့)ညပိုင်း၌ ထိုင်ဝမ်၏မြို့တော် တိုင်ပေသို့ ရောက်ရှိခဲ့‌ကြောင်း ရိုက်တာသတင်းအရ သိရသည်။

မလေးရှားနိုင်ငံမှ တောင်တရုတ်ပင်လယ်သို့ ရှည်လျားလှသော ဝေဟင်ခရီးဖြင့် ရောက်ရှိလာသော နန်စီပလိုစီကို ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက တိုင်ပေလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့သည်။

Source: Reuters