CNI International News

နယူးဒေလီ၊ ဇူလိုင် ၃

အိန္ဒိယသည် ကမ္ဘာ့ဒုတိယအကြီးဆုံး အလူမီနီယံ တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်သော ရုရှားနိုင်ငံအား အလူမီနီယံ များ ထောက်ပံ့ပေးနေသည့်နိုင်ငံအဖြစ် အံ့အားသင့်ဖွယ် ပေါ်ထွက်လာခဲ့သည်ဟု IDRW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

အိန္ဒိယ၏ အကောက်ခွန် အချက်အလက်များအပေါ် အခြေခံပြီး ရုရှား၏ Sputnik သတင်းဝက်ဘ်ဆိုက်က ပထမဆုံးအကြိမ်အဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လေ့လာချက်များအရ အိန္ဒိယသည် ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း ရုရှားကုမ္ပဏီများထံ မသန့်စင်ရသေးသည့် အလူမီနီယံ တန်ချိန်ပေါင်း ၄၄,၈၀၀ ကို တင်ပို့ရောင်းချခဲ့သည်။ ထိုရောင်းချမှုမှာ တန်ဖိုးအားဖြင့် ဒေါ်လာ ၁၆ ဒသမ ၅ သန်းရှိသည်။

ထိုတင်ပို့ရောင်းချမှု ပမာဏအရ ၂၀၂၃ ခုနှစ်အတွင်း ဒေါ်လာ ၆ ဒသမ ၅ ဘီလျံတန်ဖိုးရှိ အလူမီနီယံများ တင်ပို့ ရောင်းချခဲ့သည့် ရုရှား၏ အနေအထားနှင့် နှိုင်းယှဉ်ပါက အားရကျေနပ်ဖွယ် ပမာဏဖြစ်သည်။

 အလူမီနီယံစက်ရုံလုပ်သားကိုတွေ့ရစဉ်

ပထဝီနိုင်ငံရေး အခြေအနေများကြောင့် ရုရှားသည် အလူမီနီယံ ထုတ်လုပ်မှုကဏ္ဍတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင် နေရပြီး ပြည်ပမှ အလူမီနီယံများကို ပိုမိုဝယ်ယူခဲ့ရခြင်း ဖြစ်သည်။ 

ရုရှးသည် ကမ္ဘာ့ဒုတိယအကြီးဆုံး အလူမီနီယံ ထုတ်လုပ်သည့် နိုင်ငံဖြစ်သော ယူကရိန်းကို ကျူးကျော်တိုက်ခိုက် ခဲ့ပြီးနောက် အလူမီနီယံများ ရရှိသည့် ရင်းမြစ်နှစ်ခုကို လက်လွတ်ဆုံးရှုံးခဲ့ရသည်။

ယူကရိန်းသည် ၎င်း၏ အလူမီနီယံ ထုတ်လုပ်မှုကို ဆိုင်းငံ့ခဲ့ပြီး ဩစတြေးလျကလည်း ရုရှားသို့ အလူမီနီယံများ ထောက်ပံ့မှုကို တားမြစ်ခဲ့သည်။

ထိုအခြေအနေများကြောင့် ရုရှားနှင့် အိန္ဒိယအကြား ကုန်သွယ်ရေး အရှိန်အဟုန်သည် ပိုမိုကောင်းမွန်လာခဲ့ပြီး လက်ရှိ မှတ်တမ်းများသည် အိန္ဒိယ-ရုရှား အလူမီနီယံ ကုန်သွယ်မှုတွင် ကြီးမားသည့် ဖြစ်ရပ်တစ်ခု သို့မဟုတ် ခေတ်သစ်တစ်ခု ဖြစ်လာနိုင်သည်ဟု ယူဆနိုင်သည်။

Source: IDRW