CNI Sport News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၃၀

ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ကန်တီဟာ ဘယ်လ်ဂျီယံတတိယတန်းကလပ် ရွိုင်ရယ်လ်ဗာတန်အသင်းကို ဝယ်ယူပြီးနောက် အသင်းပိုင်ရှင်အသစ် ဖြစ်လာခဲ့ပါတယ်။

လက်စတာနဲ့ ချယ်လ်ဆီးအသင်းကစားသမားဟောင်းဟာ ဇူလိုင်လ ၁ ရက်မှာ ဖလာဗီယိုဘက်ကာဆီကနေ ပိုင်ရှင် အသစ်အဖြစ် လွှဲပြောင်းရယူတော့မယ်လို့ ကလပ်အသင်းက အတည်ပြုထားပါတယ်။ လူဇင်ဘတ်နယ်စပ်အနီးမှာ တည်ရှိတဲ့ ဒီကလပ်ဟာ အသင်းအရောင်းအဝယ်နဲ့ပတ်သက်တဲ့ ငွေကြေးအသေးစိတ်အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပါဘူး။ 

“ဖလာဗီယိုဟာ ကလပ်ရဲ့ သော့တွေကို ကန်တီဆီ လွှဲပြောင်းပေးရမှာဖြစ်တဲ့အတွက် အလွန်ပျော်ရွှင်နေပါတယ်။ သူဟာ ဘောလုံးအရည်အသွေးတင်မကဘဲ အဆင့်အတန်းမြင့်မားတဲ့ ကစားသမားပါ။ သူဟာ အားလုံးအသိအမှတ် ပြုထားတဲ့ လူသားအရည်သွေးကလည်း အားလုံးထက်ကို သာလွန်နေပါတယ်။ ဖလာဗီယိုဟာ အကြွေးကင်းစင်ပြီး ဘဏ္ဍာရေးအခြေအနေကောင်းတဲ့ ကလပ်ကို လွှဲပြောင်းပေးမှာပါ။ လာမယ့်ရက်အနည်းငယ်အတွင်းမှာ ဒါရိုက်တာ ဘုတ်အဖွဲ့အသစ်ခန့်အပ်သွားမယ်” လို့ ရွိုင်ရယ်လ်ဗာတန်အသင်းက ထုတ်ပြန်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံကလပ်အသင်းဟာ သူတို့ရဲ့ ပရော်ဖက်ရှင်နယ်လိုင်စင်ကို ပြန်လည်ရရှိဖို့ လုပ်ဆောင်နေပြီး ၂၀၂၃-၂၄ ရာသီမှာတော့ ဘယ်လ်ဂျီယံ နေရှင်နယ်လိဂ် ၁ မှာကစားသွားမှာပါ။ ဒီလိဂ်ဟာ နိုင်ငံရဲ့ထိပ်တန်းလိဂ်ဖြစ်တဲ့ ဘယ်လ်ဂျီယံပရိုလိဂ်ထက် အဆင့် ၂ ဆင့်နိမ့်တယ်လို့လည်း သိရပါတယ်။ ကန်တီဟာ ၂၀၁၃ က ပြင်သစ်ကလပ် ကိန်းအသင်းထံ မပြောင်းခင် အပျော်တမ်းလိဂ်မှာ ကစားခဲ့တာကြောင့် သူဝယ်ယူခဲ့တဲ့အသင်းကို ထိပ်တန်းလိဂ် အဆင့်ထိ ရောက်နိုင်ဖို့ ရည်မှန်းထားတာပါ။

ကန်တီဟာ လက်စတာ၊ချယ်လ်ဆီးအသင်းတွေမှာ ဆုဖလားအောင်မြင်မှုအများအပြားရယူနိုင်ခဲပြီးနောက် အခု နွေရာသီအပြောင်းရွှေ့မှာ ဆော်ဒီကလပ် အယ်လ်အီးတီဟတ်အသင်းကို ပြောင်းရွှေ့ကာ ယူရိုသန်း ၁၀၀ တန် ကြေးရှိ ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

Source:ChannelNewsAsia