CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၈

ဘိုင်ယန်မြူးနစ်အသင်းဟာ ယူနိုက်တက်အသင်းဂိုးသမားဟောင်း ဒီဂီယာကို မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဂျာမနီ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ယူနိုက်တက်အသင်းမှာ ၁၂ နှစ်ကြာကစားပြီး စာချုပ်ကုန်ဆုံးချိန်မှာ ထွက်ခွာခဲ့တဲ့ ဒီဂီယာကို ခေါ်ယူဖို့ ရီးရယ်လ် အသင်းက ချဉ်းကပ်ခဲ့သလို ဘိုင်ယန်မြူးနစ်အသင်းနဲ့လည်း အပြောင်းအရွှေ့အတွက်ဆွေးနွေးခဲ့တယ်လို့ သတင်း တွေ ထွက်ပေါ်ခဲ့တာပါ။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီဂီယာကို မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ Sky Sports ဂျာမနီက ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ မန်စီးတီးအသင်း ဒုတိယဂိုးသမား အော်တီဂါကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မန်ချက်စတာကလပ်က လက်မလွှတ်ချင်တာကြောင့် မအောင်မြင် ခဲ့ပါဘူး။

ဂျာမန်ကလပ်ရဲ့ နံပတ်တစ်ဂိုးသမား နူအာဟာ ကြံ့ခိုင်မှုပိုင်း အကောင်းဆုံးပုံစံမရရှိသေးတာကြောင့် ဂိုးသမား ပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက် ဈေးကွက်ထဲမှာ ရှာဖွေမှုပြုလုပ်နေတာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ မက္ကာဘီတဲလ်အဗစ်ဂိုးသမား ပီရတ်ဇ်ကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပြီး မကြာခင်မှာ အပြောင်းအရွှေ့ အပြီးသတ်နိုင်မယ်လို့ ယုံကြည်မှုရှိနေတာဖြစ်ပါတယ်။ 

ဒီဂီယာကတော့ ကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ယူနိုက်တက် အသင်းဟာ သူ့ကို စာချုပ်သစ်မချုပ်ဆိုခဲ့ဘဲ အင်တာမီလန်အသင်းဂိုးသမား အိုနာနာကို ပေါင် ၄၈ သန်းနဲ့ ခေါ်ယူခဲ့တာပါ။ စပိန်ဂိုးသမားဟောင်းဟာ ပုံမှန်ကစားခွင့်ရမယ့် အသင်းကိုရှာဖွေနေပြီး အသင်းငယ်တစ်သင်းမှာ သွားရောက်ကစားရဖွယ်ရှိနေတာဖြစ်ပါတယ်။ 

ဒီဂီယာဟာ လက်ရှိအချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရမယ့် ကစားသမားဖြစ်တာကြောင့် နွေရာသီ အပြောင်းအရွှေ့ပိတ်ပြီးရင်တောင် ကလပ်အသင်းတွေထံ ပြောင်းရွှေ့လို့ရတာဖြစ်ပါတယ်။ 

Source:Goal