CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၈

ဒတ်ချ်တောင်ပံကစားသမား အယ်လ်ဂါဇီဟာ အစ္စရေး-ဂါဇာ ပဋိပက္ခနဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ ပို့စ်ကြောင့် မိန့်ဇ်အသင်းက သူ့ကို ပွဲကစားခွင့်နဲ့ လေ့ကျင့်ခန်း ဆင်းခွင့် ဆိုင်းငံ့လိုက်ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိ အယ်လ်ဂါဇီဟာ ဒီပို့စ်ကို ဖျက်ခဲ့ပေမယ့် မိန့်ဇ်အသင်းကတော့ ဒီလိုလုပ်ရပ်ကို လက်ခံနိုင် စရာ မရှိဘူးလို့ ပြောခဲ့ပါတယ်။

အယ်လ်ဂါဇီဟာ မိန့်ဇ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဘွန်ဒစ်လီဂါပွဲစဉ် ၃ ပွဲ ပါဝင် ကစားထားတာ ဖြစ်ပါတယ်။ 

မိန့်ဇ်အသင်းဟာ အယ်လ်ဂါဇီကို ပွဲကစားခွင့်နဲ့ လေ့ကျင့်ခန်း ဆင်းခွင့်ပိတ်ပင်တဲ့ ဆုံးဖြတ်ချက် မချခင်မှာ ကလပ်နဲ့ ကစားသမားတို့ဟာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

 မိန့်ဇ်အသင်း ကစားသမား အယ်လ်ဂါဇီကို တွေ့ရစဉ်

ဒါ့အပြင် ဘိုင်ယန်မြူးနစ် အသင်းကလည်း ပါလက်စတိုင်းလိုလားတဲ့ ဗွီဒီယိုကို အင်စတာဂရမ်မှာ မျှဝေခဲ့တဲ့ မော်ရိုကို လက်ရွေးစင် မက်ဇာအိုရီနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ အင်စတာဂရမ်ပို့စ်ကြောင့် မက်ဇာအိုရီကို ချက်ချင်း ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပြီး ကစားသမားဟာ နိုင်ငံအသင်းအတွက် ကစားပြီး ပြန်လာချိန်မှာ ကလပ်အသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရဖို့ ရှိနေပါတယ်။
BBC Sport က ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ဘိုင်ယန်မြူးနစ်နဲ့ မိန့်ဇ်အသင်းတို့ကို ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ပြင်သစ်လီဂူးဝမ်းကလပ် နိုက်စ်အသင်း နောက်ခံလူ ယူဆက်ဖ်ကလည်း အစ္စရေး-ဂါဇာ ပဋိပက္ခနဲ့ ပတ်သက်ပြီး ဂျူးလူမျိုး ဆန့်ကျင်တဲ့ ဗွီဒီယိုဖိုင် တင်ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရကာ လက်ရှိအချိန်မှာ ပြင်သစ် အစိုးရရှေ့နေတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေ ခံနေရတာ ဖြစ်ပါတယ်။

Source: BBC