CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၆

ဘာစီလိုနာအသင်း တိုက်စစ်မှူး ဂျာအိုဖိလစ်က ရှက်တာဒိုးနက်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာဟာ ပြင်းထန်မှုမရှိဘူးလို့ သူ့ရဲ့ အင်စတာဂရမ် Story မှာ ရေးသားသွားခဲ့ပါတယ်။

ဂျာအိုဖိလစ်က “ကျနော် အဆင်ပြေပါတယ်။ ဒါက တိုက်မိခဲ့ရုံသာဖြစ်ပြီး ပြန်လည် ကောင်းမွန်အောင်လုပ်ကာ လာမယ့်ပွဲစဉ်အတွက် ပြင်ဆင်သွားမယ်”လို့ ရေးသားခဲ့ပါတယ်။

ဘာစီလိုနာအသင်းက ရှက်တာဒိုးနက်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျာအိုဖိလစ်ဟာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ပွဲချိန် ၇၅ မိနစ်မှာ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။ 

အဲ့ဒါကြောင့် ဂျာအိုဖိလစ်ဟာ ရီးရယ်လ်အသင်းနဲ့ ကစားမယ့် အယ်လ်ကလက်စီကို ဒါဘီပွဲစဉ်မှာ ဘာစီလိုနာ အသင်းအတွက် မပါဝင်နိုင်မှာကို ပရိသတ်တွေက စိုးရိမ်မှုတွေ ရှိနေခဲ့ပါတယ်။

ဒါပေမယ့် ပေါ်တူဂီကစားသမားက သူ့ရဲ့ ဒဏ်ရာဟာ မပြင်းထန်ဘူးလို့ ပြောပြီး ပရိသတ်တွေရဲ့စိုးရိမ်မှုကို ဖြေလျှော့ ပေးနိုင်ခဲ့ပါတယ်။

ဂျာအိုဖိလစ်ကို တွေ့ရစဉ်

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့က အသလက်တီကို အသင်းကနေ အငှားစာချုပ်နဲ့ ရောက်ရှိလာ ခဲ့တဲ့ ဂျာအိုဖိလစ်ဟာ ဘာစီလိုနာအသင်းအတွက် ပါဝင်ကစားပေးထားတဲ့ ပွဲတွေမှာ ခြေစွမ်းပြသပြီး ၃ ဂိုး သွင်းယူ ကာ ၄ ဂိုး ဖန်တီးထားပါတယ်။

ဘာစီလိုနာအသင်းဟာ ရီးရယ်လ်အသင်းနဲ့ ပွဲစဉ်မတိုင်ခင် အဓိက ကစားသမားအချို့ကို ဒဏ်ရာကြောင့် ဆုံးရှုံး ထားခဲ့ရပြီး ဂျာအိုဖိလစ်ကိုပါ ထပ်ပြီး လက်လွှတ်ခဲ့ရမယ်ဆိုရင် အသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာ နိုင်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီရာသီ လာလီဂါပွဲစဉ် ၁၀ ပွဲ ကစားအပြီးမှာ ၂၄ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးနေရာက ရီးရယ်လ်အသင်းနဲ့ ၁ မှတ် ကွာဟနေပါတယ်။

အဲ့ဒါကြောင့် ဘာစီလိုနာအသင်းဟာ ရီးရယ်လ်အသင်းကို အနိုင်ယူပြီး ထိပ်ဆုံးနေရာကို ရောက်ရှိနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

Source: Goal