CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၄

အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဥရုဂွေးဝါရင့် တိုက်စစ်မှူး ဆွာရက်စ်က အသင်းနဲ့အတူ ဆုဖလား အိပ်မက်တွေကို အကောင်အထည် ဖော်သွားမယ်လို့ ပြောလိုက်ပါတယ်။

ဆွာရက်ဇ်က “အင်တာမိုင်ယာမီအသင်းနဲ့ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ အလွန်ပျော်ရွှင်ပြီး စိတ်လှုပ်ရှား နေပါ တယ်။ ကျနော် အသင်းနဲ့အတူ ပွဲစတင်နိုင်ဖို့ကို မစောင့်ဆိုင်းနိုင်တော့ပါဘူး။ အင်တာမိုင်ယာမီအသင်းနဲ့ နောက်ထပ် ဆုဖလား အများအပြားရယူချင်တဲ့ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ အဆင်သင့် ဖြစ်နေပါပြီ”လို့ အသင်းဝက်ဘ်ဆိုက်ကို ပြောခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိ ဆွာရက်ဇ်ဟာ ဘရာဇီးလ်ကလပ် ဂရီမီယိုအသင်းကနေ ထွက်ခွာပြီးနောက် အင်တာမိုင် ယာမီ အသင်းနဲ့ ၁ နှစ် စာချုပ်ချုပ်ဆိုကာ စာချုပ်ကုန်ဆုံးချိန်မှာ နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့် ရှိနေတာ ဖြစ်ပါတယ်။

ဆွာရက်ဇ်ဟာ အင်တာမိုင်ယာမီအသင်းမှာ ဘာစီလိုနာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ မက်ဆီ၊ ဘတ်စ်ကွက်စ်၊ အယ်လ်ဘာတို့နဲ့အတူ ပြန်လည်တွဲဖက်ပြီး ကစားရတော့မှာပါ။

ဥရုဂွေးတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ဂရီမီယိုအသင်းအတွက် ၂၉ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဘရာဇီးလ်လိဂ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာကျော် ဘောလုံးသမားကြီး ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီအသင်းဟာ ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် ပြီးခဲ့တဲ့ရာသီက မက်ဆီ၊ ဘတ်စ်ကွက်စ်နဲ့ အယ်လ်ဘာတို့ကို ခေါ်ယူခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ပထမဆုံးဆုဖလားဖြစ်တဲ့ လိဂ်ဖလားကို ရယူနိုင်ခဲ့တာပါ။

မေဂျာလိဂ်ကလပ်ဟာ၂၀၂၄ ခုနှစ်ရာသီမှာ ပိုပြီးအောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် ဆွာရက်ဇ်ကို စတင်ပြီး အားဖြည့်ခဲ့တာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ် ရာသီသစ် မစတင်ခင် ရာသီကြိုခြေစမ်းပွဲတွေကို ဇန်နဝါရီ ၁၉ ရက်မှာ စတင် ယှဉ်ပြိုင်သွားဖို့ စီစဉ်ထားတာပါ။

အင်တာမိုင်ယာမီ အသင်းဟာ ရာသီကြို ခြေစမ်းပွဲတွေအဖြစ် အယ်လ်ဆာဗေးဒိုး၊ အယ်လ်ဟီလယ်၊ အယ်လ်နာ ဆာ၊ ဟောင်ကောင်လိဂ်၊ ဗစ်ဆဲလ်ကိုဘီ၊ နယူးဝဲလ်အိုးဘွိုင်းစ်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

Source: BBC