CNI Sport News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၃

ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူး ဟာလန်းဟာ ဘန်လေအသင်းနဲ့ အခုလထဲကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ပြန်လည် ပါဝင်ပေးနိုင်ဖွယ်ရှိနေတယ်လို့ The Times က ဖော်ပြထားပါတယ်။

ဟာလန်းဟာ အက်စတွန်ဗီလာအသင်းကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ခြေထောက်ဒဏ်ရာ ကြောင့် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အပါအဝင် မန်စီးတီးအသင်း နောက်ဆုံးကစားထားတဲ့ ၉ ပွဲကို လွဲချော်ထား တာပါ။ 

ဒါပေမယ့် ဟာလန်းဟာ အဘူဒါဘီမှာ စခန်းသွင်း လေ့ကျင့်ခဲ့တဲ့ မန်စီးတီးအသင်းရဲ့ နောက်ဆုံးလေ့ကျင့်ရေး အစီအစဉ်မှာ အပြည့်အဝ ပါဝင်ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

ဟာလန်းဟာ ဒီလေ့ကျင့်ခန်း အစီအစဉ်မှာ ဘယ်လိုနာကျင်မှုကိုမှ မခံစားခဲ့ရပေမယ့် စပါးအသင်းနဲ့ FA ဖလား ပွဲစဉ်မှာတော့ မန်စီးတီးအသင်းအတွက် ပါဝင်ကစားပေးနိုင်ဖို့ စောလွန်းနေသေးတာပါ။

 ဟာလန်းကို တွေ့ရစဉ်

အဲ့ဒါကြောင့် ဟာလန်းဟာ အခုလအကုန်မှာ ယှဉ်ပြိုင်မယ့် ဘန်လေအသင်းနဲ့ ပွဲစဉ် ဒါမှမဟုတ် ဖေဖော်ဝါရီ ၅ ရက် မှာ ယှဉ်ပြိုင်မယ့် ဘရန်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် ပြန်လည် ပါဝင်ပေးနိုင်ဖွယ်ရှိတယ်လို့ The Times က ဖော်ပြထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ Globe Soccer Awards ဆုပေးပွဲမှာ တစ်နှစ်တာ အကောင်းဆုံး အမျိုးသားကစားသမားဆု ရရှိခဲ့တဲ့ ဟာလန်းက အမြန်ဆုံးဘောလုံး ပြန်ကစားချင်နေပြီလို့ ဆုယူအပြီးမှာ ပြောခဲ့တာပါ။

ဟာလန်းက “မန်စီးတီးဟာ ကြီးကျယ်ခမ်းနားတဲ့ အသင်းဖြစ်ပြီး ဒီမှာရှိရတာကို အလွန်ပျော်ရွှင်ပါတယ်။ ဒဏ်ရာ ကနေ အမြန်ဆုံး ပြန်ကောင်းမွန်လာပြီး အသင်းထံ ပြန်လာဖို့ ကျနော်မျှော်လင့်ပါတယ်။ ဘောလုံးမကစားရတာကို ကျနော်ငြီးငွေ့လာပြီ”လို့ ပြောခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ၂၂ ပွဲ ပါဝင်ကစားထားပြီး ၁၉ ဂိုး သွင်းယူကာ အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာပါ။

မန်စီးတီးအသင်းဟာ ဇန်နဝါရီ ၂၆ ရက်မှာ FA ဖလား စတုတ္တအဆင့်အဖြစ် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါ တယ်။

Source: Metro