CNI Sport News

၂၀၂၄ ခုနှစ်၊ မေလ ၁၅

ရက်စ်ဟမ်းအသင်းရဲ့ ချိတ်ဆက်မှုတွေ ခံနေရတဲ့ ဝါရင့်တိုက်စစ်မှူး ဗာဒီက လက်စတာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ရက်စ်ဟမ်းအသင်းဟာ လိဂ်ဝမ်းကို တန်းတက်နိုင်ခဲ့ပြီးနောက် ဗာဒီကို ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

ဗာဒီနဲ့ လက်စတာအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဇွန်လ ၃၀ ရက်ကျရင် ကုန်ဆုံးတော့မှာဖြစ်ပြီး အင်္ဂလန် ကစားသမားဟောင်းကတော့ အသင်းနဲ့ ၁ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

လက်စတာအသင်းနည်းပြ မာရက်စကာကလည်း ဗာဒီနဲ့ ဒိန်းမတ်ကစားသမား ဗာစတာဂတ်တို့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆန္ဒရှိနေတာပါ။

ဗာဒီဟာ လက်စတာအသင်း ချန်ပီယံရှစ်ပြိုင်ပွဲမှာ ရှိခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက အသင်းမှာ ရှိခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ကို တန်းတက်ကာ ချန်ပီယံဆုကို ရယူနိုင်ခဲ့ချိန်မှာလည်း ရှိခဲ့သလို တန်းပြန်ဆင်းသွားတဲ့ အချိန်မှာ လည်း အတူရှိနေခဲ့တာ ဖြစ်ပါတယ်။ 

ဗာဒီကို တွေ့ရစဉ်

ဗာဒီဟာ ဒီရာသီမှာ လက်စတာအသင်းကို ချန်ပီယံရှစ်ပြိုင်ပွဲကနေ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်အောင် သွင်းဂိုးတွေနဲ့ ကူညီနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲထံ ပြန်လည်လိုက်ပါချင်နေတာပါ။

ဟောလီးဝုဒ်မင်းသားတွေ ပိုင်ဆိုင်တဲ့ ရက်စ်ဟမ်းအသင်းဟာ လိဂ်ဝမ်းကို တန်းတက်နိုင်ခဲ့ပြီးနောက် အသင်းကို ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရမယ့် ဗာဒီကို စိတ်ဝင်စားနေတာပါ။ 

ဒါပေမယ့် ဗာဒီကတော့ နှစ်ပေါင်း ၁၂ နှစ်ကြာ ကစားခဲ့တဲ့ လက်စတာအသင်းမှာပဲ ဆက်ပြီးရှိနေချင်တာ ဖြစ်ပါတယ်။ 

လက်စတာအသင်းဟာ လက်ရှိအချိန်မှာ စာချုပ်သစ် ညှိနှိုင်းတာ အပါအဝင် အပြောင်းအရွှေ့ ပြုလုပ်ခြင်းမပြုလုပ် ဖို့ ပိတ်ပင်ခံထားရပေမယ့် လာမယ့်လမှာတော့ ပိတ်ပင်မှုကို ရုပ်သိမ်းခံရဖို့ ရှိနေတာပါ။

လက်စတာအသင်းဟာ ဗာဒီကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ရင်တောင် အယ်လ်ဘရိုက်တန်၊ အန်ဒီဒီ၊ အီဟီနာချိုနဲ့ ပါရက်တို့ကို နွေရာသီ အပြောင်းအရွှေ့မှာ ဆုံးရှုံးရဖွယ်ရှိနေတာ ဖြစ်ပါတယ်။

Source: Goal