CNI Sport News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂

အားကစားလောကရဲ့ နာမည်ကြီးတွေဖြစ်တဲ့ ဆရီနာဝီလျံနဲ့ ဟာမီလ်တန်တို့ ဟာ ချယ်လ်ဆီး ကို ဝယ်ယူဖို့ ကမ်းလှမ်းမှုတွေပြုလုပ်ထားတဲ့ ဆာမာတင်ဘရော်တန် ကို ထောက်ခံတဲ့ ရင်းနှီးမြှုပ်နှံမှုမှာ ပါဝင်တယ်လို့ ဘီဘီစီ က ဖော်ပြထားပါတယ်။

ဘရော်တန် လုပ်ငန်းစုဟာ ချယ်လ်ဆီး ကို ပေါင်(၂.၅)ဘီလီယံ နဲ့ ဝယ်ယူဖို့ လုပ်ဆောင်နေတဲ့ အဖွဲ့(၃)ဖွဲ့ထဲက (၁)ဖွဲ့အဖြစ်ရှိနေတာပါ။ စကိုင်းသတင်းဌာနက ပထမဆုံးဖော်ပြခဲ့တဲ့အတိုင်းပဲ အာဆင်နယ် ပရိသတ်ဖြစ်တဲ့ ဖော်မြူလာဝမ်း(၇)ကြိမ်ချန်ပီယံ ဟာမီလ်တန်နဲ့ ဂရမ်းစလမ်းချန်ပီယံဆုကို (၂၃)ကြိမ် ရရှိထားတဲ့ ဆရီနာဝီလျံ တို့ဟာ ဒီကမ်းလမ်းမှုမှာ ရင်းနှီးမြှုပ်နှံဖို့ ကတိပြုခဲ့ကြတာဖြစ်ပါတယ်။ ကမ္ဘာ့ပြေးခုန်ပစ် ဉက္ကဋ္ဌနဲ့ ချယ်လ်ဆီး ပရိသတ် လောဒ့်ကိုး ကလည်း ဒီကမ်းလှမ်းမှုရဲ့ နောက်ကွယ်မှာ ပါဝင်နေတာပါ။

ချယ်လ်ဆီး အသင်းဟာ ပိုင်ရှင် အေဘရာမိုဗစ်ချ် ကို ဒဏ်ခတ်ပိတ်ဆို့ခံရပြီးနောက်မှာ ဗြိတိန်အစိုးရက ပေးထား တဲ့အထူးလိုင်စင်နဲ့ လည်ပတ်နေတာဖြစ်ပါတယ်။ အေဘရာမိုဗစ်ချ် ဟာ ချယ်လ်ဆီး အသင်းကို ရောင်းချဖို့ လုပ်ဆောင်ခဲ့ပေမယ့် ဒဏ်ခတ်ပိတ်ဆို့ခံလိုက်ရတာပါ။ ဟာမီလ်တန်နဲ့ ဆရီနာဝီလျံ တို့ဟာ ဘရော်တန်လုပ်ငန်းစု ရဲ့ ကမ်းလှမ်းမှုမှာ အစကတည်းက ပါဝင်ခဲ့တာကို နားလည်ကြောင်း ဘီဘီစီ က ဖော်ပြခဲ့ပါတယ်။

ဘရော်တန်ရဲ့ကမ်းလှမ်းမှုကို ပဲလေစ့်အသင်း ပူးတွဲပိုင်ရှင် ဂျွန်ဟာရစ်စ်နဲ့ ဒေးဗစ်ဘလစ်ဇာတို့က ကျောထောက် နောက်ခံပြုထားတာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းရှင် မိုက်ကယ်ကလိန်းနဲ့ လောဒ့်ကိုးတို့က အပိုရန်ပုံငွေ တွေ ထည့်ဝင်ထားတာပါ။ ဒီအစုအဖွဲ့ဟာ ချယ်လ်ဆီး အသင်းကို ဝယ်ယူဖို့အတွက် တောဒ့်ဘိုလီ ဦးဆောင်တဲ့ လုပ်ငန်းစု၊ဘောလ်စတွန်ဆဲလ်တစ် ပူးတွဲပိုင်ရှင် ဦးဆောင်တဲ့ အစုအဖွဲ့တို့နဲ့ ယှဉ်ပြိုင်နေရတာဖြစ်ပါတယ်။

အမေရိကန်ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ ရိမ်းအစုအဖွဲ့ဟာ ချယ်လ်ဆီး အသင်းကို ရောင်းချဖို့ တာဝန်ပေးခြင်းခံထား ရတာဖြစ်ပြီး ကလပ်ကို ရောင်းချပြီးတာနဲ့ ဗြိတိန်အစိုးရဆီကနေ လိုင်စင်အသစ်ရဖို့ မျှော်လင့်နေတာပါ။ ချယ်လ်ဆီး အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယား အဆင့်(၃)နေရာမှာ ရပ်တည်နေပြီး အက်ဖ်အေဖလားပြိုင်ပွဲမှာ လီဗာပူးလ် အသင်းနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:BBC