CNI Sport News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၈

သြစတြေးလျ အသင်းနည်းပြ ဂရာဟမ်အာနိုးလ် က ကမ္ဘာ့ဖလား ဝင်ခွင့်ရဖို့အတွက် ပီရူး ကို အနိုင်ရချင်တယ်ဆိုရင် ဒီထက် တိုးတက်ရမယ်လို့ ယူအေအီးကို အနိုင်ရတဲ့ ပွဲအပြီးမှာ ပြောလိုက်ပါတယ်။

သြစတြေးလျ အသင်းဟာ အာရှဇုန်ပလေးအော့ဖ် ပွဲစဉ်အဖြစ် ယူအေအီး အသင်းနဲ့ ကစားခဲ့တာမှာ ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ တာပါ။ သြစတြေးလျ အသင်းဟာ ကမ္ဘာ့ဖလား ဝင်ခွင့်ရဖို့အတွက် နောက်ဆုံးအဆင့် ပွဲစဉ်အဖြစ် တောင်အမေရိကဇုန် အသင်းဖြစ်တဲ့ ပီရူး အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရခဲ့ရင် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

သြစတြေးလျ အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၅ ကြိမ်ဆက် ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။

ဂရာဟမ်အာနိုးလ် က “ကျနော်တို့ ဒီထက်ပိုပြီး တိုးတက်ဖို့ လိုပါတယ်။ ဒီပွဲအပြီးမှာ ဒီထက်ကြီးမားတဲ့ တိုးတက်မှုမျိုးကို ကျနော် မျှော်လင့်နေတာပါ။ ယူအေအီးက ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပေမယ့် ကျနော်တို့မှာ ကောင်းမွန်တဲ့ ပြင်ဆင်မှုတွေရှိခဲ့ပြီး ကစားပုံနဲ့လည်း ပိုပြီးတော့ ကိုက်ညီမှု ရှိခဲ့ပါတယ်။ ပီရူး နဲ့ ပွဲမှာတော့ ဒီထက်ပိုပြီး ကောင်းမွန်လာဖို့ ကျနော်တို့ မျှော်လင့်ထားပါတယ်”လို့ ပြောခဲ့တာပါ။

ဩစတြေးလျအသင်း ယူအေအီးအသင်းနဲ့ ယှဉ်ပြိုင်နေစဉ် (Sport)

ယူအေအီး အတွက်တော့ ၁၉၉၀ နောက်ပိုင်း ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ မျှော်လင့်ချက်တွေဟာ ပွဲပြီးကာ နီးမှာ ပေးခဲ့ရတဲ့ ဂိုးကြောင့် ပျက်ပြယ်သွားခဲ့တာ ဖြစ်ပါတယ်။

ယူအေအီး နည်းပြကတော့ သူတို့ ကစားသမားတွေဟာ နောက် ဆုံး ၁၅ မိနစ်မှာ ခံနိုင်ရည် အားနည်းခဲ့တယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။ သြစတြေးလျ ကစားသမား မာတင်ဘိုလီ က သူတို့ ဟာ အလုပ်တစ်ဝက်ပဲ ပြီးမြောက်သေးတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

မာတင်ဘိုလီ က “ ကျနော်တို့ဟာ ကောင်းမွန်တဲ့ စရိုက်လက္ခဏာတွေကို ပြသခဲ့ပြီး ပွဲချိန်အများစုကို လွှမ်းမိုးခဲ့ပါတယ်။ အခွင့်အရေးတွေ ရောက်လာတဲ့ အချိန်မှာတော့ အရယူခဲ့ပါတယ်။ အခု အလုပ်တစ်ဝက် ပြီးသွားပါပြီ။ လာမယ့် ပွဲအတွက် ပြင်ဆင်ပြီး ထပ်သွားရပါမယ်”လို့ ပြောခဲ့တာပါ။

ပီရူး နဲ့ သြစတြေးလျ တို့ဟာ ဇွန်လ ၁၃ ရက် အယ်လ်ရေယန်မှာ ယှဉ်ပြိုင် သွားကြမှာဖြစ်ပြီး အနိုင်ရတဲ့ အသင်းဟာ ပြင်သစ်၊ ဒိန်းမတ်၊ တူနီးရှား အသင်းတို့နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: CNA