CNI International News

ဘန်ကောက်၊ ဇွန်လ ၁၄

မတည်ငြိမ်မှုများရှိနေသော နိုင်ငံ၏ တောင်ပိုင်းရှိ ယာလာ(Yala)၊ ပတ်ထာနီ(Pattani)နှင့် နာရာသီဝပ်(arathiwat) ပြည်နယ်သုံးခုမှ ခရိုင်အများစုတွင် အရေးပေါ် အခြေအနေ ကြေညာခြင်းကို စက်တင်ဘာ ၁၉ ရက်အထိ သက်တမ်းတိုးရန် ထိုင်းအစိုးရအဖွဲ့က သဘောတူခဲ့သည်ဟု Thai PBS မှ ဖော်ပြခဲ့သည်။ 

(၇၁)ကြိမ်မြောက် သက်တမ်းတိုးခြင်းသည် လုံခြုံရေး အရာရှိများအတွက် ၎င်းတို့ တာဝန်များ ထမ်းဆောင်နိုင်ရန်၊ အကြမ်းဖက် ဖြစ်ရပ်များကို ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ရန်နှင့် ပြည်သူ့လုံခြုံရေးကို ထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ထိုင်းအစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် အနူချာ ဘူရာပါချိုင်သီရိ (Anucha Burapachaisri) က ပြောသည်။

အရေးပေါ် အခြေအနေ ကြေညာထားသည့် ပြည်နယ်သုံးခု မြေပုံကိုတွေ့ရစဉ်

နာရာသီဝပ် ပြည်နယ်တွင် ခရိုင် ၅ ခုမှလွဲ၍ ကျန်ခရိုင်များတွင် အရေးပေါ် အခြေအနေ သတ်မှတ်ထားသည်။

ပတ်ထာနီ ပြည်နယ်တွင် ခရိုင်လေးခု၊ ယာလာတွင် ခရိုင်နှစ်ခုမှလွဲ၍ ကျန်ခရိုင်များကို အရေးပေါ် အခြေအနေ ကြေညာထားသည်ဟု သိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်းတွင် ပတ်ထာနီနိုင်ငံထူထောင်ရေး လှုပ်ရှားမှုများ ယခုရက်ပိုင်းအတွင်း ပေါ်ပေါက်လာပြီး နောက် ထိုင်းအစိုးရက အရေးအပေါ် အခြေအနေ ကြေညာထားခြင်းအား သက်တမ်းတိုးလိုက်ခြင်း ဖြစ်သည်။

Source: Thai PBS