CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၈

အဆိုတော် လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်ခဲ့သူ  ကောင်းဇာနည်ဟိန်း(ခ)လပြည့်နှင့် ကျော်သူရ(ခ)အီးတီ တို့နှစ်ဦးသည် ဇူလိုင် ၆ ရက်နေ့ ညပိုင်းက သက်သေခံပစ္စည်းများ သွားရောက်ရှာဖွေစဉ် ထွက်ပြေး၍ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ခတ် ဖမ်းဆီးခဲ့သည်။

သို့သော် ပစ်ခတ် ဖမ်းဆီးမှုကြောင့် ရရှိခဲ့သော ဒဏ်များကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုတော် လီလီနိုင်ကျော်သည် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရန်အောင်လမ်း ရှိ နေအိမ်သို့ ပြန်လာစဉ် ၂၀၂၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့ ညပိုင်းတွင် အမျိုးသားတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်၍ လုပ်ကြံသတ်ဖြတ်သွားခဲ့သည်။

လုပ်ကြံသတ်ဖြတ်ခံရသည့် လီလီနိုင်ကျော် ရုပ်အလောင်းကိုတွေ့ရစဉ်

ထို့နောက် အဆိုတော်လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်ခဲ့သူ ကောင်းဇာနည်ဟိန်း(ခ)လပြည့်နှင့် ကျော်သူရ (ခ)အီးတီတို့နှစ်ဦးကို ကမာရွတ်မြို့နယ်အတွင်းရှိ အမျိုးသား အဆောင်တစ်ခုမှာ ဇွန်လ ၆ ရက်နေ့က ဖမ်းဆီးရ မိခဲ့သည်။

ထို့နောက် ကောင်းဇာနည်ဟိန်းနှင့် ကျော်သူရတို့၏ ထွက်ဆိုချက်ကြောင့် ၂၉ ရပ်ကွက်၊ ဒဂုံမြို့သစ်( မြောက်ပိုင်း)၊ မောင်းမကန်လမ်းဘေး အနီးရေမြောင်းတွင် သိုဝှက်ထားသော လက်နက်၊ ခဲယမ်းနှင့် ဖောက်ခွဲ ရေးပစ္စည်းများ ရှာဖွေနေစဉ် ထွက်ပြေး၍ လုံခြုံရေးတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့သည်။

အဆိုပါ ပစ်ခတ်ဖမ်းဆီးမှုတွင် ဒဏ်ရာအသီးသီး ရရှိ၍ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားကြောင်း သိရသည်။