CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁

“ဝ”ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ခေါင်းဆောင်များနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)တို့ တွေ့ဆုံ ဆွေးနွေးလျက်ရှိသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၀ ရက်နေ့က နေပြည်တော်ရှိ Horizon Lake View ဟိုတယ်မှာ နှစ်ဖက် ကိုယ်စားလှယ် များတွေ့ဆုံ၍ ယခင် ဆွေးနွေးပြီး သဘောတူထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များထဲမှ မပြီးသတ်သေးသည့် ကိစ္စရပ်များကို ဆက်လက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၀ ရက်က UWSA-SSPP-NDAA ကိုယ်စားလှယ်များကိုတွေ့ရစဉ်

UWSA ကို ဒုဥက္ကဋ္ဌ ဦးလော့ယာကု ဦးဆောင်ခဲ့သလို NDAA အား ဒုဥက္ကဋ္ဌ ဦးစန်ပေ့ ဦးဆောင်ခဲ့သည်။ ထို့နောက် SSPP ကိုတော့ ဒုဥက္ကဋ္ဌ(၃) စဝ်ဆေပန်ဖ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တို့ တက်ရောက်ခဲ့ ကြသည်။

နစကသည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆွေးနွေးနေရာကနေ ငြိမ်းချမ်းရေးညီလာခံ တစ်ရပ်ကို ကျင်းပသွားရန် နှစ်ဖက် ပြင်ဆင်နေကြကြောင်း သိရသည်။