CNI International News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၂

ထိုင်းနိုင်ငံ၏ ၃၀ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ဖြူးထိုင်းပါတီ၏ ကိုယ်စားလှယ် မစ္စတာ ဆရီသာ သာဗင်စင်ကို ထိုင်းလွှတ်တော်မှာ ရွေးချယ် တင်မြောက်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၂ ရက်တွင် ထိုင်းနိုင်ငံ၏ အထက်နှင့်အောက် လွှတ်တော် ၂ ရပ်ပေါင်း၍ ဝန်ကြီးချုပ် ရွေးချယ် တင်မြောက်ခြင်းကို ကျင်းပခဲ့ရာ လိုအပ်သည့် ထောက်ခံမဲ ၃၇၅ ဦး ရရှိခဲ့ခြင်းကြောင့် ဝန်ကြီးချုပ် အဖြစ် အတည်ပြုခဲ့ခြင်း ဖြစ်သည်။