CNI International News

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၄

ကမ္ဘောဒီးယားနိုင်ငံ၏ သက်တော်ရှည် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဟွန်ဆန်သည် တာဝန်မှ အနားယူပြီး သားဖြစ်သူ ဟွန်မာနက်ကို ဝန်ကြီးချုပ်တာဝန် လွှဲပြောင်းပေးခဲ့ရာ ယနေ့ (သြဂုတ် ၂၄ ရက်) တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၄ ရက်နေ့က ဟွန်မာနက် ဝန်ကြီးချုပ် တာဝန် စတင်ထမ်းဆောင်နေစဉ်

ဟွန်မာနက်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် တာဝန်စတင် ထမ်းဆောင်သည့်နေ့မှာ အစိုးရအဖွဲ့ အစည်း အဝေးကို ကျင်းပခဲ့ကြောင်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် သတင်းထုတ်ပြန်ခဲ့သည်။

ဟွန်မာနက်ကို ကမ္ဘောဒီးယားဘုရင်က ဝန်ကြီးချုပ်အဖြစ် အတည်ပြုပေးခဲ့သလို ကမ္ဘောဒီးယားလွှတ်တော်က လည်း သြဂုတ် ၂၂ ရက်နေ့က ဝန်ကြီးချုပ်အဖြစ် အတည်ပြုပေးခဲ့သည်။