CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၀

နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ အဖြစ်ကနေ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ဖယ်ရှားလိုက်ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးကို အစားထိုး ခန့်အပ် တာဝန် ပေးလိုက်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့က နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အဆိုပါ ပြင်ဆင် ဖွဲ့စည်းသည့် ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ အတွင်းရေးမှူးအဖြစ် ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်၊ အဖွဲ့ဝင်များအဖြစ် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်၊ နစကဥက္ကဋ္ဌ အကြံပေး ဒုတိယဗိုလ်ချုပ်ကြိး ညိုစော၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦး၊ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့ တာဝန်ယူကြမည်ဖြစ် သည်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် အဂတိလိုက်စားမှုဖြင့် စစ်ဆေး အရေးယူခံထားရသည်။

နစကနှင့်နီးစပ်သူ တချို့ကတော့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် ပြီးခဲ့သည့် ရက်ပိုင်းက နုတ်ထွက်စာ တင်သွားပြီးဖြစ်ကြောင်း၊ လက်ရှိမှာ ရုံးထိုင်ခြင်း မရှိတော့ကြောင်း ပြောသည်။