CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း လှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (HPDF)က ယနေ့ (စက်တင်ဘာ ၃၀ ရက်) နံနက်ပိုင်းက ရွှေပြည်အေးမြို့ပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ ကြောင်း ဒေသခံများက ပြောသည်။

ဟုမ္မလင်း PDF သည် ရွှေပြည်အေးမြို့၊ ဆေးရုံအောက်ကုန်း ရေကံကြီးအနီးမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံးကို ထိမှန်သွားခဲ့သည်။

အဆိုပါ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၁၇ နှစ် G-11 တက်နေသူ ကျောင်းသူ မစုမေ၏ ညာဖက် လက်မောင်းနှင့် ကျောဘက်တွင် ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း၊ ထို့နောက် ဟုမ္မလင်းဆေးရုံသို့ အပေါ်သယ် ဆောင်၍ ဆေးကုသနေရကြောင်း ဒေသခံများက ပြောသည်။

ဟုမ္မလင်း HPDF-124 တပ်ဖွဲ့၀င်များကို တွေ့ရစဉ်(HPDF-124 /fb)

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့အနီးရှိ ရွှေပြည်အေးမြို့ နယ်နိမိတ်အတွင်းမှာ ဟုမ္မလင်း PDF ၊ ရှမ်းနီ အမျိုးသားများတပ်မတော်(SNA)၊ မြန်မာ့တပ်မတော်တို့ စစ်ရေးလှုပ်ရှားလျက်ရှိနေသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ပထမအပတ်အတွင်းကလည်း ရွှေပြည်အေးမြို့အနီးမှာ PDF နှင့် မြန်မာ့တပ်မတော် တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သေးသည်။

လက်ရှိတွင် ဟုမ္မလင်းမြို့နယ်နှင့် ရွှေပြည်အေးမြို့ နယ်မြေအတွင်းမှာ ဟုမ္မလင်း PDF (HPDF)၊ HPDF-124၊ ခန္တီးခရိုင် တပ်ရင်း(၁)၊ မိုးကြိုးအဖွဲ့တို့ ပူးပေါင်း၍ လှုပ်ရှားလျက်ရှိနေသည်။