CNI International News

ပေကျင်း၊ အောက်တိုဘာ ၁၉

တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် Belt and Road စီးပွားရေးဖိုရမ်ကို တက်ရောက်သူများသည် ဒေါ်လာ ၉၇ ဒသမ ၂ ဘီလျံ တန်ဖိုးရှိသည့် သဘောတူညီမှုများ ရရှိခဲ့သည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) က ပြောကြားခဲ့ ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။ 

"ထိပ်သီးအဆင့် စီးပွားရေး ကိုယ်စားလှယ်တွေကြားမှာ ဒေါ်လာ ၉၇ ဒသမ ၂ ဘီလျံ တန်ဖိုးရှိတဲ့ ပူးပေါင်း ဆောင် ရွက်ရေး သဘောတူညီချက်တွေကို ချုပ်ဆိုနိုင်ခဲ့ပါတယ်" ဟု ရှီက တတိယအကြိမ်မြောက် Belt and Road ဖိုရမ်၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ညီလာခံတွင် ပြောကြားခဲ့သည်။

Belt and Road ဖိုရမ်ကို အောက်တိုဘာ ၁၇ ရက်နှင့် ၁၈ ရက်များတွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့တော်၌ ကျင်းပ ခဲ့ပြီး နိုင်ငံပေါင်း ၁၄၀ ကျော်မှ ကိုယ်စားလှယ်ပေါင်း ၄၀၀၀ ကျော် တက်ရောက်ခဲ့သည်။

ထိုဖိုရမ်ကို ရုရှားသမ္မတ ပူတင် (Vladimir Putin) လည်း အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့သည်။

ပူတင်နဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ်

Belt and Road အစီအစဉ်ကို တရုတ်သမ္မတ ရှီက ၂၀၁၃ ခုနှစ်တွင် စတင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထိုအစီအစဉ်၏ ရည်ရွယ်ချက်မှာ တရုတ်နှင့် ပြည်ပ၏ ရင်းနှီးမတည်ငွေများကို အသုံးပြုပြီး များပြားသည့် နိုင်ငံများအကြား နိုင်ငံတကာကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး စီမံကိန်းများကို အရှိန်မြှင့်တင်ရန် ဖြစ်သည်။ 

လက်ရှိအချိန်အထိ Belt and Road အစီအစဉ်တွင် နိုင်ငံပေါင်း ၁၅၀ ကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၃၀ ကျော် ပူးပေါင်းပါဝင်ခဲ့သည်။

Source: တာ့စ်