CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁

ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဗန်းမော် လမ်းမပေါ်ရှိ တပ်မတော်၏ ဂန်ဒေါင်ယန် စခန်းကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)မှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၆ နာရီတွင် သိမ်းပိုက်လိုက်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဝန်ကြီး ဒေါက်တာတူခေါင်က သူ၏လူမှုကွန်ရက်ပေါ်မှာ ရေးသား ထုတ် လွှင့်ခဲ့သည်။

ထို့နောက် အောက်တိုဘာ ၂၉ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ KIA တပ်မဟာ ၄ ၊ တပ်ရင်း ၈ မှ နမ့်ဟိုင်း အခြေစိုက် ခမရ ၃၂၄ ကို တိုက်ခိုက် သိမ်းပိုက်ထားသည်ဟုလည်း ရေးသားထားသည်။

 NUG ၏ ဝန်ကြီး ဒေါက်တာတူခေါင်က လူမှုကွန်ရက်ပေါ်မှာ ရေးသားထားသည်ကို တွေ့ရစဉ်

အဆိုပါ စစ်ရေး တိုက်ခိုက်မှုများ ဖြစ်ပွားနေချိန်မှာပဲ မြန်မာ့တပ်မတော်၏ စစ်လေယာဉ်များသည် KIA ဌာနချုပ် လိုင်ဇာမြို့ပေါ်မှာ ပျံဝဲနေကြောင်း ဒေသခံများက ပြောသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းဒေသကြီးအတွင်းမှာ KIA သည် PDF- AA တို့နှင့် ပူးပေါင်း၍ စစ်ရေး လှုပ်ရှားလျက် ရှိပြီး မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။