CNI International News

ဘေဂျင်း၊ နိုဝင်ဘာ ၃

တရုတ်နိုင်ငံတွင် ကွယ်လွန်သွားခဲ့သည့် ဝန်ကြီးချုပ်ဟောင်း လီခဲကျင်း (Li Keqiang) အား မီးသဂြိုဟ်သည့် အခမ်းအနားကို ဘေဂျင်းမြို့တော်ရှိ တီအန်မင် (Tiananmen) ရင်ပြင်၌ နိုဝင်ဘာ ၂ ရက်က ပြုလုပ်ခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။ 

ပြည်သူ့ ဝန်ကြီးချုပ် (the people's premier) ဟု လူသိများထင်ရှားသည့် လီအား မီးသဂြိၤုဟ်သည့် အခမ်းအနားအတွင်း နိုင်ငံတော်အလံကို တစ်ဝက်လွှင့်ထူပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြသည်။ 

စီးပွားရေးပညာရှင်ဟောင်း တစ်ဦးဖြစ်ပြီး ပြုပြင်ပြောင်းလဲရေး လိုလားသည့် လီသည် ယခုနှစ် မတ်လက ရာထူးမှ အနားမယူမီ အချိန်အထိ တရုတ်ဝန်ကြီးချုပ်အဖြစ် ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

လီသည် အောက်တိုဘာ ၂၇ ရက်က ရှန်ဟိုင်းမြို့တွင် ရုတ်တရက် နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကာ ကွယ်လွန်ချိန်တွင် အသက် ၆၈ နှစ်ရှိပြီဖြစ်သည်။ 

တရားစွဲဆိုမှုများကိုလည်း ရှောင်ရှားခဲ့သည်

ထိပ်သီးအရာရှိများနှင့် နိုင်ငံသူရဲကောင်းများကို မြှုပ်နှံသည့် ဘေဂျင်းသုသာန် (Beijing cemetery) တွင် ပြုလုပ်သည့် လီ၏ ဈာပနကို တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၊ ၎င်း၏ ဇနီးသည် နှင့်အတူ တရုတ်၏ နိုင်ငံရေး အာဏာအမြင့်ဆုံးဖြစ်သည့် ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီ အဖွဲ့ဝင် ၆ ဦး အပါအဝင် ဒုတိယသမ္မတ ဟန်ကျန်း (Han Zheng) လည်း တက်ရောက်ခဲ့သည်။

ရှီနှင့် ထိပ်သီး အရာရှိများသည် လီ၏ ဈာပနတွင် ငြိမ်သက်ပြီး သုံးကြိမ် ဂါရဝပြုခဲ့ကြသည်ဟု နိုင်ငံပိုင် စင်ဟွာ သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် လီ၏ ဈာပနအခမ်းအနားသို့ တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) ကလည်း လွှမ်းသူပန်းခွေ ပေးပို့ခဲ့သည်ဟု စင်ဟွာက ဖော်ပြခဲ့သည်။  

တရုတ်၏ လူမှုကွန်ယက်ဖြစ်သည့် Weibo တွင်လည်း လီ၏ ဈာပနအခမ်းအနား ပြုလုပ်သည့်် အကြောင်းအရာ များက လွှမ်းမိုးခဲ့သည်။ 

တစ်ချိန်က ကွန်မြူနစ်ပါတီ ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်မည့်သူအဖြစ် ယူဆခံခဲ့ရသည့် လီသည် မကြာသေးမီနှစ်များအတွင်း ချောင်ထိုးခံခဲ့ရသည်ဟု ကျွမ်းကျင်သူများနှင့် သံတမန်များက ပြောကြားခဲ့သည်။

Source: CAN